Personal tools
You are here: Home ဘယ်လိုသုံးမလဲ Tor Bridge Relays ဘယ်လိုသုံးမလဲ
Document Actions

Tor Bridge Relays ဘယ်လိုသုံးမလဲ

by michael last modified 2011-03-23 11:19

*** ဒီလမ်းညွှန်ဟာ ဖတ်ရင်းနှင့် လက်တွေ့လုပ်ရမှာ ဖြစ်ပါတယ်။ ***

Tor ကိုသုံးတာ အဆင်ပြေမယ် လို့ထင်ပါတယ် ကောင်းကောင်း ကာကွယ်ပေးတယ်လေနော်။ တနေ့ကျ Tor ကိုဖွင့်တော့ အလုပ်မလုပ်တော့ဘူး ဆိုရင် ဒါဘာဖြစ်တာပါလိမ့် ခင်ဗျား ISP ခေါ် အင်တာနက် ၀န်ဆောင်မှု ပေးတဲ့သူက ခင်ဗျားသုံးနေတဲ့ Tor ဆာဗာတွေ ပိတ်ထားလို့ပေါ့ အဲဒါတွေ ကျော်လွှားပြီး လုံခြုံတဲ့ ချိတ်ဆက်မှု ပြန်ရအောင် လုပ်ရမယ်လေ။

သုံးရမှာက Bridge Relays ပါ ဒီဟာတွေ Tor ရဲ့အဓိက ဆာဗာစရင်းမှာ မပါဘူးလေ သူတို့ရှိနေမှန်း ခင်ဗျား ISP ကသိတောင် သိမှာမဟုတ်ဘူး ပိတ်လို့လဲ မရတော့ဘူးပေါ့။ Tor network ချိတ်တဲ့အခါ Bridge Relays သုံးတာအကောင်းဆုံးပဲ ISP ရဲ့ တားဆီးပိတ်ပင် တာကိုလည်း ကျော်လို့ရတယ်။ အဲဒါ ဘယ်လိုသုံးမလဲ ဆိုတာပြချင်တယ်။

အဲဒီ Software ရှိဖို့တော့လိုတယ် Tor ဘယ်လို install သလဲဆိုတာ သိပြီသားမဟုတ်လား ပြန်ကြည့်ရအောင် www.torproject.org ကိုသွားပြီး Download ကနေ Browser Bundle ကိုယူတယ်လေ သို့မဟုတ် Vidalia Bundle ကိုပေါ့ Browser Bundle နှင့်အတူတူပါပဲ Bridge တွေအကြာင်း ပိုသိချင်ရင်တော့ www.torproject.org/bridges သွားပြီး ဖတ်ပေါ့။ Bridges အကြောင်းရယ် ဘယ်လိုလုပ်ရမယ် ဆိုတာတွေ ပြောပြလိမ့်မယ် စိတ်ဝင်စားစရာတွေ အများကြီးပါ။

လောလောဆယ် window ကို ချုံ့လိုက်မယ် ပထမလုပ်ရမှာက Tor ဖွင့်လိုက်မယ် Vidalia Bundle ကိုသွားပြီး user interface ကိုဖွင့်မယ်။ ကျွန်တော့် ကွန်ပျူတာမှာ Tor ဖွင့်လို့ရသေးတယ် ကျွန်တော့် ISP ကမပိတ်သေးဘူးလေ Settings ကိုသွားမယ် Network tab ကိုနှိပ်မယ် My ISP blocks connections to the Tor network ဆိုတာတွေ့ရင် Check box ကိုရွေးလိုက်ပါ Add a Bridge ဆိုတာလေးတခု ထပ်ပေါ်မယ် Tor ထဲကို ထည့်ရမယ့် Bridge တွေအပြည့်ပါပဲ Bridge တွေများလေ ကောင်းလေပဲ တစ်ခုထဲရှိလဲတော့ ကိစ္စမရှိပါဘူး။

ခင်ဗျား ISP ကသိလို့ ပိတ်လိုက်ရင်တော့ သုံးလို့ရတော့မှာ မဟုတ်ဘူးပေါ့ ဒါကြောင့်များလေ ကောင်းလေပေါ့ Bridge တွေရှာတာ လွယ်ပါတယ် Find Bridges Now ကိုနှိပ်လိုက်ရုံပါပဲ ရနိုင်တဲ့ bridge တွေရှာပေးလိမ့်မယ်။ ကျွန်တော့်မှာ ၃ ခုရှိတယ် တစ်ခုရွေးပြီးတော့ OK ကိုနှိပ်လိုက်မယ် ကျွန်တော်ကတော့ ချိတ်ပြီးသားပါ Bridge တွေရှာမရဘူး ဆိုပါတော့ သို့မဟုတ် ပိုလိုချင်တယ်ဆိုရင် www.torproject.org/bridge ကိုပြန်သွားရမယ် Finding more bridges for Tor ကိုနှိပ်လိုက်ပါ။

Bridge တွေတောင်းလို့ရမယ့် email လိပ်စာပေးထားတယ် အဲဒီလိပ်စာက တဆင့် Tor က bridge တွေပြန်ပို့ပေးတယ် Email လိပ်စာ bridges@torproject.org ကို ယူထားလိုက်ပါ သူလမ်းညွှန်တာလေးတွေလည်း မှတ်သွားနော်။

Email ပို့တဲ့အခါ subject မှာ get bridges လို့ရေးဖို့လိုတယ်နော် Gmail နှင့်ပဲ ပို့လို့ရတယ်တဲ့နော် www.gmail.com သွားပြီး account ထဲဝင်လိုက်မယ် Gmail က HTTPS encryption သုံးတယ်လေ account မရှိသေးဘူးဆိုရင် ဖန်တီးလိုက်ပါ Gmail ကလုံခြုံရေး ကောင်းတယ်လေ အခု compose သွားပြီး bridges@torproject.org ကိုစာရေးမယ် To မှာ bridges@torproject.org လို့ရေးရမှာနော် Subject မှာ get bridges လို့ရေးရမယ်နော် Send ကိုနှိပ်လိုက်မယ် Tor ဆီကပြန်စာ ဆောင့်ရုံပဲ။

တွေ့တဲ့အတိုင်းပဲ Tor ရဲ့ပြန်စာမှာ bridges စာရင်းတွေပါလာတယ်။ Tor နှင့်ဘယ်လိုသုံးရမယ် ဆိုတာတွေပါ ပါလာတယ် ဒီ bridge တွေ Tor program ထဲကို ကူးယူသွားဖို့ Tor ရဲ့ settings ကိုပြန်သွားပြီး network tab ကိုသွား ပြီးတော့ Add a bridges ဆိုတဲ့ ကွက်လပ်မှာ ထည့်မယ် Green cross ကိုနှိပ်ပြီး bridge တွေထည့်မယ်။ အခု bridge အသစ်တွေ စရင်းထဲ အောင်မြင်စွာ ထည့်ပြီးပြီ Tor bridge relay ထည့်တယ်ဆိုတာ ဒါပါပဲ။

Tor bridge relays ဟာပိတ်ခံရတဲ့ လူတွေအတွက် တင်မဟုတ်ပဲ သိုသိုသိပ်သိပ်နှင့် လုံခြုံစွာ အင်တာနက် သုံးချင်သူတွေ အတွက်ပါ အလွန်အသုံးဝင်ပါတယ်။

Bridge relays တွေဟာ Tor’s Public network မှာ တင်ထားတာ မဟုတ်တော့ ခင်ဗျားကို ပိတ်ချင်နေတဲ့ သူတွေက လွယ်လွယ်နှင့် ရှာမတွေ့နိုင်ဘူးလေ အန္တရယ်များတဲ့ တိုင်းပြည်တွေမှာ နေရတဲ့ လူတွေအတွက် Tor ဟာပိုပြီး အသုံးဝင်တာပေါ့ လုံခြုံရေးအတွက်လေ။

Bridge အကြောင်း သိကောင်းစရာတွေရယ် Tor ရဲ့လုံခြုံခြင်းနှင့် လွတ်လပ်ခြင်းတွေကို အခု ခင်ဗျားသိပြီလို့ မျှော်လင့်တယ်နော်။

Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: