Personal tools
You are here: Home ဘယ်လိုသုံးမလဲ Freegate ဘယ်လိုသုံးမလဲ
Document Actions

Freegate ဘယ်လိုသုံးမလဲ

by michael last modified 2011-03-23 11:37

*** ဒီလမ်းညွှန်ဟာ ဖတ်ရင်းနှင့် လက်တွေ့လုပ်ရမှာ ဖြစ်ပါတယ်။ ***

ဒီသင်ခန်းစာမှာ Freegate အကြောင်းပြောရအောင်

Freegate ဟာ Dynamic Internet Technology သို့မဟုတ် DIT ထုတ် စီစစ်ခြင်းဆန့်ကျင်တဲ့ ဆောဖ်ဝဲပါ။ Freegate ဟာ Dynaweb ကတဆင့် အင်တာနက်ကိုချိတ်ပေးတာပါ peer-to-peer ချိတ်ဆက်မှုနှင့်တူတဲ့ proxy ကွန်ယက်စနစ်ပါ။

Freegate အားသာချက်က self contained ဖြစ်တာပါဘဲ ကွန်ပျူတာထဲ ဘာမှထည့်စရာမလိုဘူး နှိပ်လိုက်ရုံနှင့် Freegate ပွင့်လာပြီး browser လည်း ဖွင့်ပေးတယ်။

ဆိုလိုတာက ခင်ဗျားကြိုက်တဲ့နေရာကို ယူသွားလို့ရတယ် USB Flashdrive ထဲထည့်ပြီး အင်တာနက်ဆိုင်မှာ သုံးလို့ရတယ်။ ပုံမှန်အားဖြင့် မပွင့်နိုင်တဲ့ ၀ဘ်ဆိုက်တွေကိုလည်း လုံခြုံစွာဖွင့်လို့ ရနိုင်တယ် Freegate ပိတ်လိုက်တာနှင့် browser လည်းပိတ်တယ် ခင်ဗျားလုပ်တာ ဘယ်သူမှ မသိနိုင်တော့ဘူးပေါ့။

ကဲကဲ စလိုက်ကြရအောင်

Web browser ဖွင့်လိုက်ပါ ကျွန်တော် Mozilla’s Firefox သုံးတယ် သွားရမယ့် ၀ဘ်ဆိုက်ပေးမယ် Google ကနေတဆင့် သွားရအောင် Google search မှာ Freegate ကိုရိုက်လိုက်ပါ Freegate ကို အပေါ်ဆုံးနားမှာ တွေ့ရတယ် တိုက်ရိုက်လိပ်စာက ပြောရခက်လို့ပါ www.dit-inc.us/freegate ပဲဖြစ်တယ်။ ဒါက DIT ၀ဘ်ဆိုက်ကိုပို့ပေးမယ်။

အခုကျွန်တော်တို့ Freegate ခေါင်းစဉ်အောက် ရောက်နေတယ် Freegate အကြောင်းဖတ်လို့ရတယ်။ ဘယ်ဘက်ခြမ်းဟာ Freegate အတွက်ပါ ဒီကိုတို့သွားမယ် ဆောဖ်ဝဲ ဆွဲချလည်းရတယ် လမ်းညွန် ဖတ်လို့လည်းရတယ် Screen shots ပုံတွေ ကြည့်ချင်လည်းရတယ် Freegate ရဲ့အဆင့်မြင့် လုပ်ဆောင်မှုတွေ သိချင်ရင် လမ်းညွန်ကို ဖတ်ပါ။

Download ပြီးတာနှင့် တခါတည်း သုံးလို့ရတယ် Download ကိုနှိပ်မယ် ရွေးစရာ တွေပေးထားတယ် တို့ Professional Edition ကိုရွေးမယ် Save file နှိပ်လိုက်ပါ Emergency edition အကြောင်း လမ်းညွန်ထဲမှာ ဖတ်နိုင်တယ် ဆွဲတာပြီးပြီ ကျန်တာပိတ်ထားလိုက်မယ် ဆွဲထားတဲ့ ဖိုင်ဆီသွားမယ် ဖိုင်ဟာ self-contained program ပါ အိုင်ကွန် နှစ်ချက်နှိပ်လိုက်ရုံနှင့် သုံးရန်အသင့်ဖြစ်ပြီ ချိတ်ပြီးတာနှင့် web browser ဖွင့်ပေးမယ် နှစ်ချက်နှိပ်ပြီး ချိတ်လိုက်ရအောင်။


Run ကိုနှိပ်မယ် အဲဒါ user interface ပါ တခြား tabs လည်းရှိသေးတယ်

Server (ဆာဗာ)
Status (အခြေအနေပြ)
Tunnel (လှိုဏ်ခေါင်း)
ပြီးတော့ Settings (ပြုပြင်ရန်)

Settings က ရိုးရိုးလေးပါ Program က ထွက်တာနှင့် ခြေရာပါ တခါတည်း ဖျက်ပေးနိုင်တယ် Program စတဲ့ချိန်မှာ browser မဖွင့်အောင်လည်း လုပ်နိုင်တယ် ကွန်ပျူတာဖွင့်တာနှင့် Freegate ပွင့်အောင်လုပ်နိုင်တယ် တခြားရွေးစရာတွေလည်း ရှိပါသေးတယ်။

Internet Explorer ရဲ့ Proxy သုံးရန်/မသုံးရန် လုပ်နိုင်တယ် Mozilla’s Firefox နှင့် သုံးမယ်ဆိုလည်းရတယ် ဒီမှာတော့ Internet Explorer နှင့်သုံးဖို့လုပ်မယ်။ ကျွန်တော်တို့ ချိတ်တာပြီးပြီ Internet Explorer ပွင့်လာပြီ အရင်က ဖွင့်လို့မရတဲ့ ၀ဘ်ဆိုက်တွေကို အခု လုံလုံခြုံခြုံဖွင့်လို့ရပြီ ခင်ဗျားလုံခြုံတယ် ဆိုတာပြအုံးမယ်။

IP လိပ်စာ မတူကြတာကို သတိပြုပါ ဒီ program က ကာကွယ်ပေးတာလေ အကာအကွယ်မပါတဲ့ Firefox web browser ဖွင့်မယ် www.whatismyip.com ရိုက်တယ်။ IP လိပ်စာ အမှန်ကိုပြပေးတယ် သူများကိုတော့ မပြနှင့်ပေါ့ လုံခြုံစေချင်တာပေါ့။ ကျွန်တော့်တို့ ကွန်ပျူတာက အကာအကွယ်မရှိပဲနှင့် ပို့တာတွေကို လွယ်လွယ်နှင့် ဖတ်လို့ရတယ် ခြေရာခံလိုက်လို့ရတယ်။ အခု ပြချင်တာက Freegate ရဲ့ IE browser ဖွင့်ပြီး www.whatismyip.com ကိုသွားမယ်။

IP လိပ်စာ ပြောင်းသွားပြီဆိုတာ တွေ့မယ် Freegate က ကျွန်တော့်ကို ကာကွယ်ပေးလိုက်ပြီ ဘယ်နေရာက ဘယ်သူဆိုတာ ခြေရာခံလိုက်ဖို့ ခက်သွားပြီ။ အခုလွတ်လပ်စွာ အင်တာနက် သုံးလို့ရပြီ ပြီးတော့ လုံခြုံစိတ်ချရတယ်လေ အင်တာနက်သုံးတဲ့ လက်ရာတွေပါ ဖျက်ပစ်လို့ရတယ်။ ဒီလိုဖြစ်အောင် Freegate နှင့် လုပ်လို့ရတယ်။

Freegate ထဲက setting ပြောင်းလိုက်တာနဲ့ Internet Explorer ထဲက ခြေရာတွေ ဖျက်ပစ်နိုင်တယ်။ ဆိုလိုတာက Internet café မှာ နောက်တစ်ယောက်က ခင်ဗျားဘာတွေ ကြည့်ခဲ့သလည်း ဆိုတာ သိချင်စိတ်နှင့် ကွန်ပျူတာထဲ ရှာမယ်ဆိုရင်တောင် ဘာသုံးပြီး ဘာလုပ်တယ် ဆိုတာပြောလို့ရမှာ မဟုတ်ဘူး အင်တာနက်စီစစ်ခြင်း တားဆီးပိတ်ပင်ခြင်းတွေ ကျော်ခဲ့တာ IP လိပ်စာ ဖွတ်ထားတာတွေ သိနိုင်မှာ မဟုတ်ဘူး Program က ထွက်တာနဲ့ IE ထဲက ခြေရာလက်ရာတွေကို ဖျက်ပစ်ခြင်းအားဖြင့် ပိုပြီးလုံခြုံစေတယ်လေ။

Browser ပိတ်ဖို့ လုပ်ရမှာက program ကိုပိတ်ဖို့ပဲ X အပေါ်နှိပ်လိုက်ရုံ ဒါမှမဟုတ် exit နှိပ်ရုံပဲ Internet Explorer ဆက်ဖွင့်ချင်သလား ဒါမှမဟုတ် ပိတ်ချင်သလား ဆိုတာ မေးလိမ့်မယ်။ Program ပိတ်တဲ့ချိန်တိုင်းမှာ မေးအောင် လုပ်လို့ရတယ် ကျွန်တော်ကတော့ ပိတ်တဲ့ချိန်တိုင်းမှာ မမေးအောင်လုပ်မယ် အမြန်ပိတ်ချင်တဲ့ အခါတွေမှာ သိပ်ကောင်းတာပေါ့။

User interface ပိတ်လိုက်ရုံပါပဲ IE ကိုလည်း ပိတ်ပေးလိမ့်မယ် Freegate နှင့် တွဲပြီးဖွင့်ထားတဲ့ Window အားလုံးပိတ်ပေးတယ် တပြိုင်နှင့် IE ကခြေရာတွေပါ မကျန်အောင် ဖျက်ပေးတယ်။

ဒါကတော့ Freegate အသုံးပြုခြင်း အကြောင်းပါပဲ။ ပိုပြီးအဆင့်မြင့် လုပ်ဆောင်မှုလည်း ရှိပါသေးတယ်။ စီစစ်ခြင်းသင်းကြပ်တဲ့ ဒေသမှာ emergency options ကိုသုံးနိုင်တယ် အသေးစိတ်ကို သိနိုင်အောင် အသုံးပြုသူ လမ်းညွှန် ဖတ်ဖို့အကြံပေးပါရစေ။ ဒါပေမယ့် ဒီသင်ခန်းစာကို ခင်ဗျား လိုက်လုပ်မယ်ဆိုရင် လွတ်လပ်စွာ သုံးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

အကျိုးရှိမယ်လို့လည်း ယုံကြည်တယ် ကျေးဇူးတင်ပါတယ်။

Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: