Personal tools
You are here: Home ဘယ်လိုသုံးမလဲ HotSpot Shield ဘယ်လိုသုံးမလဲ
Document Actions

HotSpot Shield ဘယ်လိုသုံးမလဲ

by michael last modified 2011-03-23 11:37

*** ဒီလမ်းညွှန်ဟာ ဖတ်ရင်းနှင့် လက်တွေ့လုပ်ရမှာ ဖြစ်ပါတယ်။ ***

HotSpot Shield အသုံးပြုရမယ်ဆိုတာ ပြောပြချင်ပါတယ်

HotSpot Shield အကြောင်း အနည်းငယ် ပြောရအောင် HotSpot Shield ဟာ HTTPS သုံးပြီး ၀က်ဘ်အသုံးပြုခြင်းကို လုံခြုံစေပါတယ် ခင်ဗျားရဲ့ IP လိပ်စာကိုပါ ဖွက်ထားပေးပါတယ် အင်တာနက် စောင့်ကြည့်ခြင်းနှင့် တားမြစ်ခြင်းကိုလည်း ကျော်လွားပေးပါတယ်။

HotSpot Shield အားသာချက်ကတော့ ကြိုးချိတ် ဆက်သွယ်မှုမှာရော ကြိုးမဲ့မှာပါသုံးနိုင်တယ် အင်တာနက် ဆိုင်မှာဘဲသုံးသုံး အိမ်မှာဘဲသုံးသုံး wireless မိတဲ့ နေရာမှာဘဲသုံးသုံး ခင်ဗျား data တွေ HotSpot Shield က လုံခြုံစွာကာကွယ် ပေးထားနိုင်တယ်။

စလိုက်ကြရအောင်

ပထမ လုပ်ရမှာက အဲဒီဆော့ဖ်ဝဲကို ရဖို့ပါပဲ ကြိုက်တဲ့ web browser ဖွင့်လိုက်ပါ ကျွန်တော် Mozilla’s Firefox သုံးတယ် ပြီးတော့ www.hotspotshield.com ကိုသွားလိုက်ပါ ပင်မ စာမျက်နှာမှာ HotSpot Shield အကြောင်း အကျဉ်းချုပ် တွေ့ရပါမယ် download the latest version button ကိုလည်းတွေ့မှာပါ Hotspot Shield ဟာ Windows မှာရော Mac မှာပါ သုံးနိုင်တယ် ယူရမယ့် website ပေါ်မှပဲ မူတည်ပါတယ်။

ကွန်ပျူတာအလိုက် version တွေကို တင်ထားပေးတယ် download the latest version ကိုနှိပ်လိုက်ပါ ကျွန်တော် ဆွဲချပြီးသား ဖြစ်နေတော့ ထပ်မဆွဲတော့ဘူး သိမ်းထားလိုက်ပါ ပြီးတော့အဲဒီကိုသွားပါ ကျွန်တော် ဒါတွေကျော်လိုက်မယ် install မယ့် နေရာကိုပဲသွားမယ် Downloads ဆိုတဲ့ folder ကိုသွားမယ် Hotspot Sheild ပေါ်နှိပ်မယ် အိုင်ကွန်ု နှစ်ချက်နှိပ်မယ် ကျွန်တော် Windows Vista သုံးတယ် ကျွန်တော့်မှာ Vista အတွက် ဆော့ဖ်ဝဲလဲရှိနေတယ်။

Run ကိုနှိပ်လိုက်ပါ Continue ထပ်နှိပ်ပါ ဘာသာစကား ကိုရွေးပါ ကျွန်တော် အင်္ဂလိပ်ကိုရွေးတယ် ဒီဟာ ကောင်းတဲ့ installation wizard ပဲဖြစ်တယ် Next ကိုနှိပ်ပါ Term and Services ကို Agree လုပ်လိုက်ပါ Next ကိုနှိပ်ပါ Toolbar ထည့်မှာလား လို့မေးတယ် လိုချင်ရင် ရွေးလိုက်ပါ ပြီးတော့ Next နှိပ်ပြီးဆက်သွားပါ ကျွန်တော် အဲဒါတွေ မလိုချင်ဘူး ဒါပေမယ့် ဆက်ကြည့်ရအောင် Fix Page Not Found ဆိုတာကိုတော့ ရွေးရပါမယ် ဆက်သွားမယ် Default directory မှာပဲ install လိုက်တော့ ခဏလောက်ပဲကြာမှာပါ။

အိုကေ ပြီးသွားပြီ Next ထပ်နှိပ်ပါ Hotspot Shield ချက်ချင်းဖွင့်အောင် ရွေးစရာ ပေးထားပါတယ် ကျွန်တော် ကိုယ့်ဟာကို ဖွင့်တာပဲရွေးမယ် Finish ကိုနှိပ်လိုက်တယ် ပိတ်လိုက်ပါ ဒီမှာတွေ့ရတဲ့ Hotspot Shield ကို နှစ်ချက်နှိပ်ပါ Web browser ပွင့်စေပြီး စတင်အသုံးပြုနိုင်စေတယ်။

ချိတ်ဆက်နေချိန်မှာ Taskbar ပေါ်က အိုင်ကွန်ကို ပြချင်တယ် ဒါဟာ Hotspot Shield ရဲ့အိုင်ကွန်ပါ ချိတ်ဆက်နေချိန်မှာ အ၀ါရောင်ပြနေမယ် အနီရောင်ပြရင်တော့ ချိတ်လို့မရဘူးပေါ့ အဲ အစိမ်းရောင်ပြရင်တော့ အောင်မြင်စွာ ချိတ်ဆက်ပြီး သုံးရန်အသင့်ဖြစ်တယ် Icon ပေါ် mouse ညှာဘက် click ကို နှိပ်ရင် ရွေးစရာတွေရှိတယ် ဘာသာစကားကိုလည်း ပြန်ပြောင်းလို့ရတယ် Service ဖွင့်ချင် ပိတ်ချင်လည်းရတယ် လုံးလုံးထွက်သွား ချင်လည်းရတယ်။

အခုတော့ ဆက်သွယ်လို့ ရတဲ့အထိစောင့်နေရုံပဲ အခုအတည်ပြုနေပြီ ချိတ်ဆက်နိုင်ဖို့နီးစပ်ပါပြီ ချိတ်လို့ရပြီဆိုရင် အစိမ်းရောင်နှင့် connected ဆိုတာတွေ့ရမှာပါ Anchor Free ဆိုတဲ့ ၀က်ဘ် စာမျက်နှာကို ပို့ပေးပါလိမ့်မယ် အစိမ်းရောင်လေးနှင့် Connected တွေ့ရပြီ Anchor Free ၀က်ဘ်ဆိုက်ကို အလိုလိုရောက်သွားပါတယ် ဒီလိုဖြစ်အောင် စောင့်နေစရာမလိုပါဘူး connected လို့ပြပြီးတာနှင့် အောက်ကအိုင်ကွန်လဲ စိမ်းပြီ ခင်ဗျား IP လိပ်စာနှင့် ဆက်သွယ်မှုတွေ လုံလုံခြုံခြုံ ဖြစ်ပါပြီ ကြိုးချိတ်စနစ်ဖြစ်ဖြစ် ကြိုးမဲ့စနစ်နှင့်ဖြစ်ဖြစ် စိတ်ချလက်ချသုံးနိုင်ပါပြီ အတော်လေး
စိတ်ဝင်စားစရာကောင်းတဲ့ ၀န်ဆောင်မှုပါ။

ခင်ဗျားလည်း ကြိုက်မှာပါ

Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: