Personal tools
You are here: Home ဘယ်လိုသုံးမလဲ Pidgin OTR ဘယ်လိုသုံးမလဲ
Document Actions

Pidgin OTR ဘယ်လိုသုံးမလဲ

by michael last modified 2011-03-23 11:37

*** ဒီလမ်းညွှန်ဟာ ဖတ်ရင်းနှင့် လက်တွေ့လုပ်ရမှာ ဖြစ်ပါတယ်။ ***

Tor’s browser bundle အကြာင်းပြောရအောင်

ပထမ Pidgin အကြောင်းပေါ့ Pidgin ဟာ chating ဆော့ဖ်ဝဲတခုပါ တခြား chating ID/account အားလုံးကို တစ်နေရာမှာ စုစည်းပေးပါတယ် AOL, Yahoo, Google စတဲ့ chating လိုင်းတွေပေါ့ Chating လိုင်းအသီးသီးက သူငယ်ချင်းတွေ Pidgin မှာထည့်လို့ရတယ် IM ခေါ် chating အားနည်းချက်တ chat မှတ်တမ်းတွေ ကြားဖြတ်ကြည့်လို့ရတယ် ဖုန်းလိုင်းတွေ ခိုးနားထောင်သလိုပေါ့ အခုပြောပြချင်တာက Pidgin နှင့် သူ့ရဲ့ Off the Record အကြောင်းပါ Off-the-Record ဟာ Pidgin မှာ chat မှတ်တမ်း ခိုးဖတ်လို့မရအောင် လုပ်ပေးတဲ့ Plug-in တစ်ခုပါ။

လုံခြုံစွာနှင့် chat လို့ရအောင် ဘယ်လိုလုပ်ရမလဲ Pidgin နှင့် Off-the-Record ကို ကွန်ပျူတာထဲ Download ဖို့လိုတာပေါ့။ ကိုယ်ရေးကိုတာ လုံခြုံဖို့ USB flash drive ထဲ ထည့်ယူသွား လို့လည်းရတယ် Tor browser bundle လည်း သုံးရမယ် သူက Pidgin အတွက်လိုတယ်လေ USB flash drive ကို ကွန်ပျူတာထဲ ထည့်လိုက်မယ် Pop up တစ်ခုပေါ်လာမယ် Folder ကို ဖွင့်လိုက်ပြီး Tor browser folder ကိုပါ ထပ်ဖွင့်လိုက်ပါ ခင်ဗျားမှာ မရှိသေးဘူးဆိုရင်
www.torproject.org သွားပြီး download ပါ ရပြီဆိုရင် Start Tor browser ဖွင့်ရအောင် Tor network ဆီ ချိတ်ဆက်ပေးပြီး Tor browser ကို ဖွင့်ပေးမယ် Pidgin နှင့် Off-the-Record လည်းဖွင့်ပေးမယ်။

Welcome to Pidgin ကို အရင်တွေ့ရတယ် ပွင့်လာတဲ့ box တွေ minimize လုပ်ထားရအောင် Drop-down menu ကနေ chating လိုင်းကိုရွေးမယ် တခုနှင့်တခု နည်းနည်းဆီတော့ ကွဲတာတွေ့ရမယ် ခင်ဗျားရဲ့ username နှင့် password ထည့်လိုက်ပါ Add ကိုနှိပ်လိုက်မယ် တခြား ID တွေကိုလည်း ထည့်လို့ရတယ်နော် ခင်ဗျားမှာရှိတဲ့ ID အားလုံးထည့်လိုက်ရင် အဲဒီက သူငယ်ချင်းတွေ ဒီနေရာကနေ အားလုံးကို chat လို့ရတယ် ဟုတ်ပြီ ချိတ်လို့ရပြီ ဆိုတာကိုပြတယ်။

ဒါကိုပိတ်ထားလိုက်မယ် Webfreedomfriend ဆိုတဲ့ သူငယ်ချင်းနှင့် နမူနာ ပြချင်တယ် Off-the-Record သုံးတဲ့အချိန်မှာ သတိထားစရာ တခုက နှစ်ဘက်စလုံး Off-the-Record ရှိထားဖို့လိုတယ်နော် သီးသန့်လိုင်းကနေ chat နိုင်ဖို့လေ အခုချိတ်လို့ ရပြီဆိုတော့ သူငယ်ချင်းတွေကို တွေ့ရပြီ Off-the-Record အလုပ်လုပ်တာ သေချာဖို့တော့ လိုတယ်နော် Tools ကိုသွားပြီး Plug-ins ကိုသွား Off-the-Record ကိုတွေ့အောင်ရှာ Pidgin နှင့် Off-the-Record ကိုယ့်ဟာကို ထည့်ထားတာဆိုရင် ဒီ check-box ရွေးဖို့တော့လိုမယ်။

ကျွန်တော့် Tor’s browser bundle သုံးတော့ ရွေးပြီးသားဖြစ်နေတယ် လုံးခြုံရေးအတွက် အလိုလို ရွေးပေးထားတာလေ မရွေးရသေးဘူးဆိုရင် ရွေးလိုက်ပါ Configure Plug-in ကိုသွားမယ် Digital fingerprint (ဒီဂျစ်တယ် ကိုယ်ပိုင်အမှတ်အသား) တွေ့ရတယ်။ ခင်ဗျားမတွေ့သေးဘူးဆိုရင် Generate ကိုနှိပ်လိုက်ပါ ကိုယ်ပိုင်အမှတ်အသား လုပ်ပေးလိမ့်မယ် ခင်ဗျားကို ဆက်သွယ်မယ့်သူတွေက အတည်ပြုနိုင်ဖို့ဖြစ်တယ်။ သူတို့မှာလည်း တခုဆီရှိကြမယ် ခင်ဗျားလည်းသူတို့ကို အတည်ပြုနိုင်မှာဖြစ်တယ် လက်ဘွေဖန်တီး နေတဲ့အချိန်မှာ ဒီ window ကိုပိတ်ထားမယ် Plug-in window ကိုလည်းပိတ်ထားပြီး IM (chating) window ကိုဖွင့်ရမယ် Off-the-Record က IM window မှာ feature အသစ်တွေ ထည့်ပေးထားတယ်။ ဒီဟာက ပြောတာတွေ နှစ်ကိုယ်ကြားဖြစ်ရဲ့လား ဆိုတာပြပေးတယ်။

ဒီ menu ကတော့ chat တာတွေ လုံခြုံအောင် တစ်ယောက်နှင့် တစ်ယောက် ဖိတ်ခေါ် အတည်ပြုပေးတာပါ နှစ်ကိုယ်ကြား စကားတွေ ပြောချင်တယ်ဆိုရင် Start Private Conversation ကိုနှိပ်ရမယ်။ ခင်ဗျားသူငယ်ချင်း ဆီမှာလည်း အတည်ပြုဖို့ pop up တစ်ခုသွားပေါ်နေမယ် အခုတွေ့ရတဲ့ unverified private conversation ဆိုတာ နှစ်ဘက်စလုံးမှ ဖိတ်ခေါ် အတည်မပြုရ သေးလို့ဖြစ်တယ်။

ဒီ menu ကိုပြန်သွားပြီး Authenticate Buddy ကိုနှိပ်မယ် တစ်ယောက်နှင့်တစ်ယောက် အတည်ပြုနိုင်တဲ့ တခြားနည်းတွေလည်းရှိတယ်။ သူပဲဖြေနိုင်မယ့် မေးခွန်းမျိုးကိုမေးနိုင်တယ် သူကလည်းခင်ဗျားကိုပြန်မေးမယ် ခင်ဗျားတို့နှစ်ယောက်ပဲသိတော့ နှစ်ကိုယ်ကြားဖြစ်ပြီပေါ့ နှစ်ကိုယ်ကြားပဲသိတဲ့ လျှို့ဝှက်ချက် ဖန်တီးလည်းရတယ်။

ဒီမှာသုံးမှာကတော့ ကိုယ်ပိုင်အမှတ်အသား လက်ဘွေနှင့် တည်ပြုတာကိုလုပ်မယ်။ ခင်ဗျားရဲ့ လက်ဘွေကို ဒီမှာတွေ့ရမယ် သူ့ဘက်ကလည်း ပြောပြနိုင်ရမယ် တစ်ယောက်ကိုတစ်ယောက် စကားနှင့်ပြောပြခြင်းပါ ဖုန်းဆက်ပြီး အပြန်အလှန်မေးကြမယ် သူ့အမှတ်အသားကို မှတ်ထားပြီး ဒီမှာရိုက်ထည့်လိုက်ပါ သူငယ်ချင်း နာမည်နှင့် ဒီလိုစာတန်း တစ်ခုပေါ်လာမယ် Authenticate ကိုနှိပ်ပါ။ အတည်ပြုတာပြီးသွားပြီ စကားပြောတာတွေ လုံခြုံသွားပြီ အခု နှစ်ကိုယ်ကြားဖြစ်သွားပြီလေ ကြားဖြတ် ခိုးဖတ်လို့မရတော့ဘူး သူတို့တွေ့ရင်တောင် ဖတ်လို့မရအောင် encrypt ထားပြီးပြီ။

ဒါပါပဲ

Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: