Personal tools
You are here: Home ဘယ်လိုသုံးမလဲ Tor Browser ဘယ်လိုသုံးမလဲ
Document Actions

Tor Browser ဘယ်လိုသုံးမလဲ

by michael last modified 2011-03-23 03:47

*** ဒီလမ်းညွှန်ဟာ ဖတ်ရင်းနှင့် လက်တွေ့လုပ်ရမှာ ဖြစ်ပါတယ်။ ***

ကိုယ့် ကွန်ပျူတာထဲထည့်ရမယ့် Tor အကြောင်းနှင့် ပတ်သက်ပြီးတော့ တော်တော်လေး ပြောပြီးပြီ။ သူများကွန်ပျူတာနှင့် အင်တာနက် သုံးတဲ့အချိန်မှာလည်း လုံခြုံဖို့လိုတယ်နော် အဲဒီလို လုပ်ပေးမှာကတော့ Browser Bundle ပါပဲ။ သူက USB flash drive ထဲ ကနေ သုံးလို့ရတယ်လေ ကိုယ်ဘယ်က အင်တာနက်သုံးသုံး လုံခြုံရေး စိတ်ပူစရာ မလိုတော့ဘူး USB ထဲက Browser bundle နှင့် သုံးနေသရွေ့တော့ အကာအကွယ်ပေးနိုင်တယ်။

လေ့လာကြည့်ရအောင်

Tor Browser Bundle ကောင်းချက်က ဘာ setting မှ မလိုခြင်းပဲ။ USB flash drive ထဲထည့် ကြိုက်တဲ့ နေရာယူသွား သုံးချင်တဲ့အချိန် ကွန်ပျူတာထဲထိုးထည့် ဖွင့်ရုံပါပဲ။ သေးတယ် portable ဖြစ်တယ် ပြီးတော့ ကိုယ်သုံးတဲ့စက်မှာ လက်ရာတွေမကျန်ဘူး။ USB flash drive ထဲ ထည့်ကြည့်ရအောင် သွားတဲ့နေရာတိုင်း ယူသွားလို့ရတာပေါ့။ အရင် ဆော့ဖ်ဝဲကို ရှာရအောင် Browser ဖွင့်ရအောင်။ ကျွန်တော် ထုံးစံအတိုင်း Firefox သုံးမယ် www.torproject.org ကိုသွားရအောင်
ဒီမှာ Tor နှင့်ပတ်သက်တာတွေ ရှိတယ်နော် Download ကိုနှိပ်မယ် ဘယ်ဘက်က Tor Browser Bundle ကို နှိပ်ရအောင် ဖိုင်ကို သိမ်းလိုက်ပါ။

ကျွန်တော့်မှာ ရှိပြီးသားဆိုတော့ Cancel လိုက်တယ် အဲဒီဖိုင်ကို သွားမယ် ဖိုင်ပေါ် နှစ်ချက်နှိပ်လိုက်မယ် ဘယ်မှာ သိမ်းမှာလည်း လို့မေးမယ် USB flash drive ထဲသိမ်းလိုက်မယ် ခဏနေ ညှာအောက်ထောင့်မှာ icon ပေါ်လာမယ် ပြီးတော့ ချိတ်ပြီးပြီလို့ပြမယ် ဟုတ်ပြီ Folder ထဲကိုသွားမယ် Tor Browser အိုင်ကွန်ကို နှစ်ချက်နှိပ်လိုက်မယ်။ Run နှိပ်မယ် ဘယ်မှာဖြည်မှာလည်း လို့မေးတယ် … ပေါ်နှိပ်ပြီးတော့ USB flash drive ကိုရွေးမယ်။

ကျွန်တော့်ဟာက Removable Disk (E:) ဖြစ်နေတယ် အဲဒီမှာ ထည့်လိုက်မယ် ပြီးရင် ဒီ window ပိတ်လို့ရပြီ USB flash drive ထဲပြန်သွားမယ် Tor Browser folder ထဲသွားမယ် Start Tor Browser အိုင်ကွန် နှစ်ချက်နှိပ်ရင် Tor user interface ပွင့်လာတယ် ဆာဗာဆီ ချက်ချင်း ချိတ်ပေးတယ် တခဏအတွင်းမှာဘဲ ဖြစ်ပျက်တာပါ။ အောက်ထောင့်က Tor အိုင်ကွန်ကို ဖွင့်ရင် User interface ပွင့်လာတယ် လုပ်ချင်တာတွေ လုပ်လို့ရတယ်။

pop up တခုပေါ်လာမယ် Tor ချိတ်လို့ရပြီတဲ့ အောက်က ကြက်သွန်လေးလဲ စိမ်းသွားပြီ USB flash drive ထဲက Tor browser ဟာ Firefox ဖြစ်နေတာပါ နဲနဲတော့ အံ့သြစရာနော် ဒီဟာက Pidgin ပါ နောက်မှ လေ့လာဒါပေါ့ ပိတ်လိုက်မယ် http://check.torproject.org ကို အလိုလိုပို့ပေးတယ်။

Tor network အလုပ် လုပ်/မလုပ်ကို ဒီဝက်ဘ်ဆိုက်က အစိမ်းရောင် စာတန်းနှင့်ပြပေးတာပါ ပြီးတော့ အများမြင်တွေ့ရမယ့် IP လိပ်စာကိုပါပြတယ်။ အဲဒါ ကျွန်တော့် IP အစစ်မဟုတ်ဘူးနော် ဒီ program က ကျွန်တော့်ကို ကာကွယ်ပေးတယ် ကျွန်တောာ့် ကွန်ပျူတာထဲရှိ သာမှန် browser ကနေ http://check.torproject.org ကို သွားရင် အနီရောင် ကြက်ခြေကြီးကြီးနှင့် “Sorry, you are not using Tor” တဲ့ ဒီ browser နှင့် သုံးရင် မလုံခြုံဘူးပေါ့။ သူအလုပ်လုပ်မှာက ကျွန်တော့် IP လိပ်စာ အစစ်ကြီးနှင့်လေ ဂဏန်းတချို့ကိုတော့ ထုံးစံအတိုင်း လုံခြုံရေးအတွက် ဖွက်ထားရပြန်တာပေါ့။ သေချာကြည့်ရင် အဲဒီ IP လိပ်စာနှစ်ခု မတူဒါတော့ သေချာပါတယ်။

UBS ထဲက browser ကိုသုံးနေသမျှ ဘယ်ဆိုက်ကိုသွားသွား လုံခြုံပါတယ်။ ဘယ်လိုပြန် ပိတ်ရမှာလဲ ဆိုတော့ Tor browser ကို ပိတ်လိုက်တာနှင့် အားလုံးပိတ်ပြီးသားပဲ။ ဒါပါပဲ ပြန်ဖွင့်ချင်တယ်ဆိုရင် USB flash drive ထဲက Start Tor Browser ကို နှစ်ချက်နှိပ်လိုက်ရုံပဲ ဒီနည်းက ခင်ဗျား ဘယ်ကနေ အင်တာနက်သုံးသုံး လုံလုံခြုံခြုံ ဖြစ်စေတယ်လေ ကြိုက်ရဲ့လား?

ကံကောင်းပါစေဗျာ

Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: