Personal tools
You are here: Home ဘယ်လိုသုံးမလဲ Tor ဘယ်လိုသုံးမလဲ
Document Actions

Tor ဘယ်လိုသုံးမလဲ

by michael last modified 2011-03-23 11:37

*** ဒီလမ်းညွှန်ဟာ ဖတ်ရင်းနှင့် လက်တွေ့လုပ်ရမှာ ဖြစ်ပါတယ်။ ***

Tor ဘယ်လို install ရမယ်ဆိုတာ ပြချင်တယ်

Tor ဟာ အွန်လိုင်းမှာ လုံလုံခြုံခြုံ သိုသိုသိပ်သိပ်နှင့် ဘယ်ကနေ သုံးတယ်ဆိုတာ မသိနိုင်အောင် ကာကွယ်ပေးနိုင်တယ် ဆိုတာပါပဲ။ အင်တာနက်ပေါ် သွားတဲ့အခါ Tor က သူ့မှာရှိတဲ့ ဆာဗာတွေ ဖြတ်ပေးတယ် ဒီဆာဗာတွေဟာ တစ်ဦးကိုတစ်ဦး ကူညီချင်တဲ့ လူတွေကပေးထားတာပါ။

စလေ့လာရအေင်

ဆော့ဖ်ဝဲ အရင်ရမှဖြစ်မှာနော် Browser တစ်ခုခု ဖွင့်လိုက်ပါ ကျွန်တော် Firefox သုံးမယ် www.torproject.org သွားလိုက်ပါ ပင်မစာမျက်နှာမှာ Tor program အကြောင်းတွေ့နိုင်တယ်။ Document တွေဖတ်လို့ရသလို အလူငွေလည်း ပေးလို့ရတယ်။ Download ရအောင် Windows, Mac နှင့် Linux အတွက်ရှိပါတယ် Browser bundle လည်းတွေ့ရတယ် Installation Bundle for Windows ကိုနှိပ်လိုက်ပါ ဒါ Vidalia Bundle လို့ခေါ်တယ် Save file နှိပ်ပြီး သိမ်းပါ။

ကျွန်တော့်မှာ ရှိပြီးသားဆိုတော့ cancel လိုက်မယ် ဖိုင်ရှိရာကို သွားရအောင် Installation icon ကို နှစ်ချက်နှိပ်မယ် Run ကိုနှိပ်မယ် Allow ကိုနှိပ်မယ် ဘာသာစကား ရွေးလိုက်ပါ OK နှိပ်မယ် Next ကိုနှိပ်မယ်။ ဒါ Tor ထဲက သုံးလို့ရတဲ့ ဟာတွေပါ ဒါ Vidalia ရဲ့ user interface ပါ Tor ဟာ သကဲ့လျှို့ဝှက် ဆော့ဖ်ဝဲပါ။

Polipo က Tor သုံးနေစဉ် browser ကို အားကောင်းစေတယ်လေ Firefox add-on မှာလည်း Tor ရှိတယ် သုံးချင်သုံးလို့ ရအောင်ပေါ့ Next ကိုနှိပ်မယ် Default directory မှာ install လုပ်မယ်။ Firefox အတွက် ထည့်မှာလားလို့မေးတယ် အဲဒါလည်းထည့်လိုက်မယ် Firefox ကို restart မယ် ညှာအောက်ထောင့်မှာ Tor တွေ့တော့ တွေ့ရပြီ။

ဒါပေမယ့် သုံးလို့ရအောင် မလုပ်ရသေးဘူးလေ Installation wizard ကိုပြန်သွားမယ် run ချင်သလားလို့မေးတယ် ကျွန်တော် manual ပဲ run ချင်တယ် ကျွန်တော် Windows Vista သုံးတယ် Vidalia Bundle Program ကိုသွားမယ် ဒါက user interface ပေါ့။

အခု Tor က ဆက်သွယ်ဖို့ ကြိုးစားနေပြီ ဒီက button တွေအကြောင်းပြောရအောင်။ Stop Tor က Tor ကို ရပ်အောင်လုပ်ပေးတယ် Setup Relay ကတော့ ခင်ဗျားကွန်ပျူတာကို Tor ဆာဗာအဖြစ် သုံးစေချင်တဲ့အခါ နှိပ်လို့ရတယ် Tor ဆာဗာတွေ ပြောင်းသုံးချင်တဲ့အခါ use a new identity နှိပ်လို့ရတယ် View the network က တခြား network တွေပြတယ် Settings ကတော့ Tor ရဲ့ရွေးစရာလေးတွေ ပြပေးတယ် ချိတ်တာပြီးတော့မယ် network နှင့်ချိတ်လို့ရပြီဆိုရင် အစိမ်းရောင် ကြက်သွန်နီပြပေးတယ် User interface ပိတ်လို့ရပြီ Task bar မှာ ကြက်သွန်နီစိမ်း icon တွေ့ရတယ်။

User interface ကိုပြန်သွားချင်ရင် ဒီ icon လေးနှိပ်လိုက်ပါ Web browser ပြန်ဖွင့်ရအောင် Tor button ရှိနေသေးတာ တွေ့ရတယ် Tor network နှင့်တော့ချိတ်ပြီးပြီ ဒါပေမယ့် Firefox မှာ မဖွင့်ရသေးဘူး ဒီ Button နှိပ်လိုက်ရင် Tor Enabled လို့ပြမယ် အခုကြိုက်တဲ့နေရာကို လုံလုံခြုံခြုံ သွားလည်လို့ရပါပြီ တခြားနိုင်ငံတွေက တဆင့် အင်တာနက်ပေါ် သွားနေတယ်ဆိုတာ တွေ့ရမှာပါ အဲဒါကိုကြည့်ခြင်းဖြင့် Tor အလုပ်လုပ်တာ သိရတယ် ပိတ်ချင်တယ်ဆိုရင် turn it off နှိပ်လိုက်ပါ disabled ဖြစ်နေတာ တွေ့ရမယ် Google.com ပြန်သွားရင် ပုံမှန် ပြန်ရောက်နေပြီ။

Tor စသုံးလို့ရပါပြီ တခြား ရွေးစရာတွေကို www.torproject.org သွားပြီး ဖတ်ရင်း စမ်းသုံးကြည့်ပါအုံး ခင်ဗျားအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: