Personal tools
You are here: Home ဘယ်လိုသုံးမလဲ Ultrasurf ဘယ်လိုသုံးမလဲ
Document Actions

Ultrasurf ဘယ်လိုသုံးမလဲ

by michael last modified 2011-03-23 11:36

*** ဒီလမ်းညွှန်ဟာ ဖတ်ရင်းနှင့် လက်တွေ့လုပ်ရမှာ ဖြစ်ပါတယ်။ ***

ဒီနေ့သင်ခန်းစာက Ultrasurf အသုံးပြုနည်းပဲဖြစ်တယ် Ultrasurf ဟာ အင်တာနက်အသုံးပြုတဲ့ နေရာမှာ တားဆီးပိတ်ပင်မှုတွေ ကျော်လွားပေးတဲ့ ဆာ့ဖ်ဝဲလေးပါ။ Ultrasurf က အမှတ်အသားတွေ ကာကွယ်တယ် IP လိပ်စာဖွက်ပေးတယ် ဆော့ဖ်ဝဲကို ပိတ်လိုက်တာနှင့် လက်ရာတွေပါ ဖျောက်ဖျက်ပေးတယ်။

ဘယ်လိုလဲ? သင်ခန်းစာ စလိုက်ရအောင်လား

ပထမဆုံး အဲဒီဆော့ဖ်ဝဲ ရအောင်လုပ်ရမယ် ခင်ဗျားကြိုက်တဲ့ browser ဖွင့်လိုက်ပါ ကျွန်တော် Firefox သုံးတယ် www.ultrareach.com ကိုသွားမယ်။ ၀က်ဘ်ဆိုက်မှာ နောက်ဆုံး လုပ်ဆောင်ချက်တွေ မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတွေ နောက်ခံသမိုင်းတွေ ဆော့ဖ်ဝဲအကြောင်း ဘယ်သူတွေ ပါဝင်လုပ်ဆာင်သလဲ စသဖြင့်ဖတ်ရှုနိုင်တယ်။

ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ကာကွယ်ပေးတယ် ပိုလုံခြုံစေတယ် လွတ်လပ်မှုပိုပေးတယ်။ လုပ်ရမှာကတော့ UltraSurf 9.92 Free ကို Download မယ် ဒါ အခုထိ နောက်ဆုံးထွက်တဲ့ version ပဲ ဖိုင်သိမ်းလိုက်ပါအုံး။ ကျွန်တော် windows 7 သုံးတော့ မတူတာလေးတွေရှိမယ်။ ဒါပေမယ့် ဆော့ဖ်ဝဲဟာ Windows XP ရော Windows 2000 Vista တွေမှာပါသုံးနိုင်တယ် အဲတာကြောင့် ကောင်းကောင်း အလုပ်လုပ်မှာပါ။ ကျွန်တော့် ဖိုင်ပုံစံနှင့်တော့ နည်းနည်းကွာမယ် အခု ဆော့ဖ်ဝဲ ဆွဲချပြီးပြီ browser ကိုပါ ပိတ်လိုက်တော့မယ် ပြီးတော့ ဖိုင်ရှိတဲ့ နေရာသွားမယ် ဖိုင် ချုံ့ခံထားတယ် ချုံ့ထားတဲ့ဖိုင် ဖွင့်တဲ့ဆော့ဖ်ဝဲ မရှိသေးဘူးဆိုရင် Winzip ရဖို့လိုလိမ့်မယ် ဒါမှမဟုတ် 7zip နှင့်လည်း ဖွင့်လို့ရတယ်။

Windows 7 မှာတော့ နှစ်ချက်နှိပ်တာနှင့် ဖွင့်လို့ရတယ် ခုနက ဆော့ဖ်ဝဲတွေဟာ ချုံ့ထားတာကို ပြန်ဖြည်ဖို့ပဲလိုတာ။ ခင်ဗျား ကွန်ပျူတာထဲမှာ ဘာမှထည့်စရာ မလိုပါဘူး Run ရုံပါပဲ ကျွန်တော်ကတော့ My desktop ပေါ်မှာ တင်ထားတယ် Ultrasurf ကောင်းချက်က USB ထဲထည့်လည်းရတယ် ဘယ်နေရာမှာမဆို ယူသုံးနိုင်တယ်လေ။ အပြင်သွားရင်း အင်တာနက် ဆိုင်မှာသုံးရင်း အလုပ်လုံလုံခြုံခြုံ လုပ်ချင်ရင် USB ထဲထည့်ယူသွား။ ကိုယ်သုံးမယ့် ကွန်ပျူတာနှင့်ချိတ် ဆော့ဖ်ဝဲကိုဖွင့် အင်တာနက်နှင့် ချိတ်ပြီးသုံးနိုင်တယ် ဟုတ်ပြီ ဒီမှာရွက်လွှင့်နေတဲ့ အိုင်ကွန်တွေ့ပြီ နှစ်ချက်နှိပ်လိုက်ပါ။

Browser တစ်ခုပါ ဖွင့်ပေးတယ် ကျွန်တော့် browser ကိုခဏ ပိတ်ထားမယ် ဒါပထမ သုံးတာဆိုရင် ဒီလိုရွေးစရာတွေပေါ်လာမယ် ပထမဟာကို ရွေးလိုက်တယ် ဆာဗာချိတ်တာပါ အဆင်မပြေရင် နောက်တစ်ခု ပြန်စမ်းကြည့်ပါ ဆာဗာနှင့် ကောင်းကောင်းချိတ်နေပြီ မတူတဲ့ရွေးစရာတွေလည်း ရှိပါတယ်။ ဖွင့်တာနှင့် Internet Explorer ပွင့်တာကိုလည်း ရွေးချယ်နိုင်တယ် ထွက်တာနှင့် Internet Explorer ပိတ်နိုင်တယ် လက်ရာတွေ ဖျက်နိုင်သလို မြင်ကွင်း ညှာအောက်က ရွှေသော့ကိုလည်း ပိတ်ပေးနိုင်တယ် ကိုယ့် proxy သုံးလည်းရတယ် ဒီမှာတော့ မပြတော့ဘူး အရိုးစင်းဆုံး ဖြစ်အောင်ပြချင်လို့ပါ။

OK နှိပ်လိုက်ပါ အလုပ်လုပ်ပြီ IE browser ဖွင့်ပေးတယ် လုံခြုံစွာ စသုံးလို့ရပါပြီ။ အပြောသက်သက် မဟုတ်ပဲ လက်တွေ့ပြမယ် သာမှန် Firefox browser မှာ www.whatismyip.com ရိုက်လိုက်တယ် အခုမြင်တာက ကျွန်တော့် IP လိပ်စာပါ ဂဏန်းတချို့ကိုတော့ လုံခြုံရေးအတွက် ဖျက်ထားရတယ် ခင်ဗျားကိုလည်း လုံခြုံစေချင်တယ် ကျွန်တော့် IP လိပ်စာအမှန်ပါနော် ခဏလေးဒါကို ဖယ်ပြီး Ultrasurf browser ကိုဖွင့်မယ် www.whatismyisp.com ကိုသွားမယ် Ultrasurf
browser က IP လိပ်စာဟာ သာမှန်နှင့် လုံးလုံးမတူပါဘူး ရှေ့ဆုံးနှင့်နောက်ဆုံး ဂဏန်းတွေဟာ သာမှန် browser ဂဏန်းတွေနှင့် တော်တော်လေး ခြားနားနေတယ်။

ဒီတော့ IP လိပ်စာလုံခြုံသွားပြီ အချက်အလက်တွေ စိတ်ချရပြီ ပြီးတော့ သာမှန်မှာ သွားလို့မရတဲ့ ၀ဘ်ဆိုက်တွေ အခုသွားလို့ရပြီ ပြီးသွားပြီ လိုက်ပိတ်ဖို့ပဲ ကျန်တော့တယ် ပုံမှန်အားဖြင့် browser ပိတ်ရမှာပါ ဒါပေမယ့် ဒီမှာက Ultrasurf ပိတ်လိုက်ရင်ပဲ browser ရော သော့လေးရော ကွန်ပျူတာထဲ ထင်ကျန်နိုင်တဲ့ မှတ်တမ်းမှတ်ရာတွေပါ ဖျက်ပေးတယ်။

ဒါ Ultrasurf ကောင်းကြောင်းတွေပဲ အသုံးဝင်မယ်ထင်တယ်။

Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: