Personal tools
You are here: Home ဘယ်လိုသုံးမလဲ Your Freedom ဘယ်လိုသုံးမလဲ
Document Actions

Your Freedom ဘယ်လိုသုံးမလဲ

by michael last modified 2011-07-02 07:22

*** ဒီလမ်းညွှန်ဟာ ဖတ်ရင်းနှင့် လက်တွေ့လုပ်ရမှာ ဖြစ်ပါတယ်။ ***

Your Freedom ဆော့ဖ်ဝဲ ဘယ်လို install ပြီး သုံးရမယ် ဆိုတာ ပြောပြချင်တယ်။ ဆော့ဖ်ဝဲ download ပြီး install ပြီးပြီဆိုရင် ကွန်ပျူတာကို web proxy ဖြစ်စေမယ် ပြီးတော့ SOCKS proxy လည်းဖြစ်စေမယ်။

ဆိုလိုတာက အင်တာနက်ပေါ် သွားတဲ့အခါမှာ Your Freedom ဆာဗာကို အရင်သွားမယ် ပြီးမှ ခင်ဗျားသွားလိုတဲ့ ၀က်ဘ်ကိုပို့ပေးမယ်။ ခင်ဗျားလိုချင်တဲ့ အချက်အလက်တွေ ယူပေးပြီး ဆာဗာမှတဆင့် ခင်ဗျားကွန်ပျူတာဆီ သိုသိုသိပ်သိပ် အရောက်ပို့ပေးမယ်။

Your Freedom ရဲ့အားကောင်းချက်က ဘယ် web browser နှင့်မဆို သုံးလို့ရတယ် တခြား chating တွေ အေးမေးလ်ဆော့ဖ်ဝဲတွေ အွန်လိုင်းဂိမ်း ဆော့ဖ်ဝဲတွေနှင့်လည်း တွဲသုံးလို့လည်းရတယ်။

ကဲ စလိုက်ရအောင်

ဆော့ဖ်ဝဲ ရအောင်အရင် လုပ်ရမှာပေါ့ ခင်ဗျားကြိုက်တဲ့ web browser တစ်ခုခု ဖွင့်လိုက်ပါ ကျွန်တော် Mozilla’s Firefox သုံးတယ် www.your-freedom.net ကို သွားမယ်။

ဆော့ဖ်ဝဲအကြောင်း ပင်မစာမျက်နှာမှာ တွေ့ရတယ်။ Your Freedom က ဘာလဲဆိုတာ စုံစုံလင်လင် သိချင်ရင် Docs နှင့် FAQ ဖတ်လိုက်ပါ။ လွယ်လွယ်နှင့် နားလည်နိုင်အောင် သုံးစွဲသူလမ်းညွှန်မှာ ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားတယ်။ အဲဒါတွေ ဆွဲချပြီး ကြည့်ဖို့ အကြံပြုပါရစေ။

အခုတော့ Downloads ကို သွားရအောင်။ Your Freedom မှာ account ရှိဖို့လိုတယ်နော်။ မရှိသေးဘူးဆိုရင် account အသစ်ဖွင့်လိုက်ပါ။ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေးစရာမလိုပါဘူး။ ဒါဟာ ရွေးချယ်လို့ရပါတယ်။

ဆော့ဖ်ဝဲ အသုံးပြုဖို့ username နှင့် password တော့လိုတာပေါ့။ Windows နှင့် Mac အတွက် version တွေရှိတယ်။ ကျွန်တော် 12 MB ရှိတဲ့ Windows Full Installer ကိုရွေးမယ်။ Mirror US ကို နှိပ်လိုက်တယ်။ ဖိုင်သိမ်းထားဖို့ လိုလိမ့်မယ်။ ကျွန်တော် သိမ်းထားလိုက်ပြီ။ ခင်ဗျား save ကို နှိပ်လိုက်ပါ။ သိမ်းထားတဲ့နေရာ သွားပြီး install လုပ်ရအောင်။ Your Freedom အိုင်ကွန် အပေါ် နှစ်ချက်နှိပ်လိုက်မယ်။ Run နှိပ်မယ်။ Allow ကို နှိပ်မယ်။ ကျွန်တော် Windows Vista OS ကိုသုံးတယ်။ ဒီ Installation Wizard က တော်တော်ကောင်းတယ်။

Next ကို နှိပ်မယ် Install လုပ်တဲ့အခါ လက်ရှိသုံးသူ သို့မဟုတ် user အားလုံးသုံးရအောင် ရွေးလို့ရတယ်။ ကျွန်တော်က အားလုံးသုံးရအောင်ကို ရွေးလိုက်တယ် Default directory မှာပဲ install လိုက်တယ်။ Next ကို နှိပ်မယ်။ Desktop ပေါ်မှာ Shortcut ပေါ်အောင် ရွေးပြီးတော့ install လိုက်တယ်။ install လုပ်တာ သိပ်ကြာမှာ မဟုတ်ပါဘူး။

Start Your Freedom ကိုရွေးစရာ ပေးထားပါတယ်။ ကျွန်တော်က ကိုယ့်ဟာကိုလုပ်ချင်တော့ ရွေးစရာကို မရွေးပဲ Finish နှိပ်တယ် ပိတ်လိုက်မယ်။ Desktop ပေါ်က Your Freedom ဖွင့်တဲ့ အိုင်ကွန်လေးကို နှစ်ချက်နှိပ်ပြီး allow ကိုလည်း နှိပ်လိုက်ပါ။ ဘာသာစကား ရွေးရမယ့်နေရာရောက်ပြီ။ ကျွန်တော် English US ရွေးလိုက်တယ်။ ဒါဟာ Your Freedom ရဲ့ User Interface ပါပဲ။

ပထမ လုပ်ရမှာက အစီအစဉ်တွေ တည်ဆောက်ဖို့ပါ။ အစီအစဉ်လုပ်မယ့် ဒီနေရာမှာ ရွေးစရာအားလုံးရှိတယ်။ ၀ဘ်ဆိုက်တွေ သိုသိုသိပ်သိပ် ကြည့်လို့ရအောင် အနှီးဆုံး ဆာဗာ အခုရှာရမယ်။ Use wizard ကို နှိပ်မယ်။ wizard က ချိတ်ရမယ့် ဆာဗာတွေ ရှာပေးပါတယ်။ ဆာဗာတွေ ရှာတွေ့ပြီဆိုရင် Next နှိပ်မယ်။ ခင်ဗျား proxy သုံးထားတယ်ဆိုယင် ဒီမှာ proxy လိပ်စာထည့်ရလိမ့်မယ်။ ကျွန်တော် မသုံးဘူးဆိုတော့ ထည့်စရာမလိုဘူးပေါ့။ Try to auto-detect လည်းရွေးလို့ရတယ်။ Next နှိပ်လိုက်မယ်။ Your Freedom က စီစစ်မှုတွေ ကျော်လွှားနိုင်ဖို့။ ခြားနားတဲ့ ဆက်သွယ်ရေးဗျူဟာ သုံးတယ်။ next နှိပ်လိုက်မယ် အင်တာနက် သိုသိုသိပ်သိပ် သုံးနိုင်အောင် အနှီးဆုံးနှင့် အကောင်းဆုံး ဆာဗာတွေ ရှာပေးနေတယ်။

အသုံးပြုဖို့ အဆင်သင့်ဖြစ်တဲ့ထိ ဒီဟာကို ဒီတိုင်းခဏစောင့်မယ်။ ဒါတွေဟာ အသုံးပြုနိုင်တဲ့ ဆာဗာတွေပါပဲ။ ဆာဗာနာမည်ရယ် လိပ်စာရယ် ဘယ်နိုင်ငံက ဖြစ်တယ်ဆိုတာရယ်။ ဘာဆက်သွယ်ရေး နည်းဗျူဟာတွေ သုံးနိုင်တယ် ဆိုတာတွေပါပါတယ်။ ကျွန်တော်က US မှာ နေတာဆိုတော့ အနှီးဆုံးကို ရွေးလိုက်မယ်။ ကိုယ်ရွေးချင်တဲ့ ဟာပေါ်မှာ နှိပ်ပြီး next သွားမယ်။ ဒီနေရာမှာ ခင်ဗျား username နှင့် password ထည့်ရမယ်။ ခုနက ရထားပြီးသားနော် မရှိဘူးဆိုရင် Your Freedom website သွားပြီး ဖန်တီးလိုက်ပါ။ ရပြီဆိုရင် ထည့်လိုက်မယ်။ Next နှိပ်မယ် အားလုံးအဆင်ပြေရင် Save နှိပ်ပြီး exit နှင့်ထွက်လိုက်ပါ။

Save ပြီးမှ exit နော် Start the connection နှိပ်လိုက်မယ် Disconnect ဖြစ်ရင် reconnect ပြန်နှိပ်လိုက်ပါ။ လူသားဖြစ်မှန်း သိအောင်လို့ ဒီလိုလုပ်ခိုင်းတာပါ ဒီမှာပေါ်တဲ့ ဂဏန်းတွေ ရိုက်ထည့်ပြီး OK နှိပ်လိုက်ပါ။ ပွင့်နေတဲ့တံခါး အိုင်ကွန်တွေ့ရင် အချက်အလက် ရယူတာ ပို့တာတွေလုပ်နိုင်ပါပြီ User interface ဖွင့်ထားစရာ မလိုပါဘူး ပိတ်လိုက်လို့ရပါပြီ အောက်ညှာဘက်မှာ Your Freedom အိုင်ကွန်ရှိနေမှာပါ။

ချိတ်တာကို ရပ်လိုက်တာ ထွက်တာ right click နှိပ်ပြီးလုပ်လို့ရတယ်။ Show Your Freedom Window နှိပ်လိုက်ရင် user interface ပြန်တွေ့ရပြီပေါ့။

ဒါတွေကတော့ Your Freedom အသုံးပြုခြင်းပါပဲ။

Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: