Personal tools
You are here: Home ဆောင်းပါး ကွန်ပျူတာ တစ်ခုလုံးကို recover ဘယ်လိုလုပ်မှာလဲ
Navigation
Log in


Forgot your password?
 
Document Actions

ကွန်ပျူတာ တစ်ခုလုံးကို recover ဘယ်လိုလုပ်မှာလဲ

by michael last modified 2011-03-31 08:13

မီးအား မမှန်တာကြောင့် ဖြစ်ဖြစ်၊ virus တွေကိုက်လို့ ပြန်ဖွင့် မရတော့တာကြောင့် ဖြစ်ဖြစ် ကွန်ပျူတာကို ဘယ်လိုမှ ဖွင့်လို့ မရတော့ဘူး၊

အထဲမှာလဲ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ အများကြီး ရှိနေတယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ။

သေချာတာတော့ အဲဒီကွန်ပျူတာကို format ချရတော့မှာပဲ။ မချခင် တစ်ချက် စဉ်းစားပါအုံး၊ လုပ်လို့ရတဲ့ နည်းလမ်းလေးရှိတယ်။

အဲဒါကတော့ Redo Backup and Recovery ဟာ Backup Software လေးပေါ့။ ဒီဟာလေးကို CD နှင့် ဖြစ်ဖြစ် Stick နှင့် ဖြစ်ဖြစ် ဆောင်ထားရင် လိုအပ်တဲ့အခါ အချိန် ၁၀ မိနစ်အတွင်း အရေးကြီးတဲ့ data တွေကို လုံခြုံစိတ်ချရတဲ့ နေရာမှာ Backup လုပ်ပြီးသား ဖြစ်မှာပါ။ RB & R က Bootable ဖြစ်တယ်။ Windows OS ဖြစ်ဖြစ် Linux OS ဖြစ်ဖြစ၊် ဘယ် OS နှင့်ပဲ ဖြစ်ဖြစ် သုံးလို့ရတယ် ပြီးတော့ GPL လိုင်စင်နှင့် ထုတ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ပိုင်ပဲ သုံးသုံး၊ လုပ်ငန်းမှာ အခကြေးငွေ ယူပြီးတော့ပဲ သုံးသုံး တရားဝင် software ဖြစ်တယ်။

RB & R ဟာ install လုပ်စရာမလိုဘူး ထည့်လိုက်ပြီး စက်ဖွင့်တာနှင့် Computer ရဲ့ Hard disk ထဲကို ပြန်တင်လို့ ရတယ်။ ကွန်ပျူတာကို Network ချိတ်လို့ရသလို CD နှင့် USB လည်း ထည့်လို့ရတယ်။ Internet ပါ သုံးလို့ရတယ် ဖျက်ပြီးသား ဖိုင်တွေကို ပြန်ကြည့်လို့ရသလို ပြန်ကူးထားလို့ရတယ်။

ဒီ software ဟာ 75 MB ပဲရှိတဲ့အတွက်ကြောင့် USB နှင့်ဖြစ်ဖြစ်၊ CD နှင့်ဖြစ်ဖြစ် သိမ်းထားပြီး ယူသွားလို့ရတယ်။

ဘာကြောင့် တခြား Backup Software တွေထက် ကောင်းရသလဲဆိုတော့ GPL လိုင်စင်နှင့်ဖြစ်တာရယ်၊ လိုင်စင်အတွက်ကြောင့် ကန့်သတ်တာမျိုး မရှိတာရယ်၊ ဘယ် OS နှင့် မဆို အသုံးပြုနိုင်တာရယ်၊ Hard disk ထဲကို username တွေ password တွေ မလိုဘဲနဲ့ ၀င်လို့ရတာရယ်၊ ပြီးတော့ အချိန် ၁၀ မိနစ်လောက် နှင့် backup လုပ်လို့ ရနိုင်တာကြောင့်ဖြစ်တယ်။

Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: