Personal tools
You are here: Home ဆောင်းပါး ဆိုက်ဘာ အသရေဖျက်မှု သတိထားသင့်
Navigation
Log in


Forgot your password?
 
Document Actions

ဆိုက်ဘာ အသရေဖျက်မှု သတိထားသင့်

by michael last modified 2011-05-10 20:02

အင်တာနက်ပေါ်တွင် ဆိုက်ဘာ အသရေဖျက်မှု (Cyber Defamation) များပြားလာ ပြည်တွင်းမှ ပြည်ပသို့ ဖြစ်စေ၊ ပြည်ပမှ ပြည်တွင်းသို့ ဖြစ်စေ အိုင်တီနည်းပညာဖြင့် ကျူးလွန်လျင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ ပြစ်မှုမြောက်နေ


ကျွန်တော် ဒီဆောင်းပါးလေးကို ကျွန်တော်တို့ အင်တာနက်သုံးတဲ့ သူငယ်ချင်းများ သိသင့်တယ်ထင်လို့ ပြန်လည် ကူးယူတင်ပြခြင်းဖြစ်ပါတယ်။ ဆင်ခြင်လို့ ရအောင် တင်ပြခြင်းဖြစ်ပါတယ်။

Written by သတင်းအယ်ဒီတာအဖွဲ့
အင်တာနက်ပေါ်တွင် ဆိုက်ဘာအသရေဖျက်မှု (Cyber Defamation) များပြားလာပြီး ပြည်တွင်းမှ ပြည်ပသို့ဖြစ်စေ ပြည်ပမှ ပြည်တွင်းသို့ဖြစ်စေ အိုင်တီနည်းပညာဖြင့် ဆိုက်ဘာအသရေဖျက်မှု ကျူးလွန်လျင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ ပြစ်မှုမြောက်ကြောင်း သိရသည်။
ယခုကဲ့သို့ အင်တာနက်ပေါ်မှတစ်ဆင့် အသရေပျက်စေရန် အလွန်အကျွံ ဝေဖန်မှုများသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် မည်သို့မျ အကျိုးမရှိစေဘဲ၊ နားလည်မှုလွဲမှား ၍ ပဋိပက္ခအသွင် ဆောင်လာစေနိုင်ကြောင်း ပညာရှင်များအကြား ပြောဆိုမှုများရှိလာခဲ့ ပါသည်။
အင်တာနက်မှ ပြင်းထန်သော ပုဂ္ဂိုလ်ရေးဆိုင်ရာ ဝေဖန်မှုများနှင့် အသရေဖျက်မှုများကို နိုင်ငံတကာနှင့်ယှဉ်၍ သက်သေပြမည်ဆိုပါက တောင်ကိုရီးယားနိုင်ငံတွင်လည်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရှိရသည်။
တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များသည် ဝေဖန်ပြစ်တင်သူများ၏ ပစ်မှတ်ဖြစ်ခဲ့ပြီး ပရိသတ် (Fan Club) အချင်းချင်းဖြစ်ပွားသော အငြင်းအခုံများမှ အသရေဖျက်မှုများ အထိ ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံတကာ သတင်းများအရ သိရသည်။
ထိုကဲ့သို့ အင်တာနက်ပေါ်မှ မလိုလားအပ်သော မှတ်ချက်များ၊ အီးမေးလ်များကြောင့် သက်ဆိုင်ရာပုဂ္ဂိုလ်များမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်လာပြီး မိမိကိုယ်ကိုယ် အဆုံး စီရင်ခဲ့မှုများနှင့် လွန်ကဲတုံ့ပြန်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တောင်ကိုရီးယားနိုင်ငံတွင် ဆိုက်ဘာအသရေဖျက်မှု ဥပဒေ(Cyber Defamation Law)ကို ပြဋ္ဌာန်းခဲ့ ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ၂၀၀၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေတွင် (Cyber Defamation Law) ကို အရေးယူနိုင်သည့် ပြဋ္ဌာန်းချက်များ ထည့်သွင်းပြဋ္ဌာန်းခဲ့ပြီး ဖြစ်ကြောင်း အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ သိရသည်။
''ဒီလိုမျိုး အီးမေးလ်တွေ အင်တာနက်ပေါ်က မှတ်ချက်တွေက ကျွန်တော်တို့ဆီကို မလိုချင်လည်း ရောက်လာတတ်တယ်။ တစ်ခါတလေ သူတို့ရဲ့အကြောင်းအရာတွေက အရမ်း စိတ်ဝင်စားစရာကောင်းပြီး အခြားသူတွေဆီ ထပ်ပို့မိတဲ့ အီးမေးလ် တွေရှိတယ်။ ဒါတွေထဲမှာ ကောင်းတာတွေ၊ မကောင်းတာတွေ၊ ဟုတ်တာတွေ၊ မဟုတ်တာတွေ ရောထွေး နေတတ်တယ်။ ဘယ်လိုအီးမေးလ် ကို တခြားသူတွေဆီ ထပ်ပို့မယ်၊ မပို့ဘူးဆိုတာ အဲဒီလူရဲ့စိတ်နဲ့ပဲဆိုင်တယ်''ဟု ကွန်ပျူတာသမားတစ်ဦး က သူ၏အမြင်ကို ပြောပြခဲ့သည်။


ဂိုဂဲလ်အနေနဲ့ လွတ်လပ်စွာပြောဆိုခွင့် (Freedom of Speech) ကို အလေးထားပေမယ့် အသရေဖျက်မှု (Defamation) ဖြစ်လာလို့ တရားရုံးက အသုံးပြုသူရဲ့ အမှတ်အသား(Identity) ကို တောင်းဆိုလာခဲ့ရင် ပေးခဲ့ဖူးတဲ့ အစဉ်အလာ တွေရှိပါတယ်။ ဒါကြောင့် အသရေ ဖျက်သူတွေကို အရေးယူနိုင်ခဲ့ဖူး တယ်

အင်တာနက် အသုံးပြုနေသော နက်တီဇင် (Netizen) တွေအနေနဲ့ သူတစ်ပါးရဲ့ အကြောင်းအရာ (Privacy)ကို အလေးထားဖို့ လိုကြောင်း နှင့် လူတစ်ဦးချင်းစီ၏ ကျင့်ဝတ် (Ethic) က အရေးကြီးကြောင်း ကွန်ပျူတာပညာရှင် တစ်ဦးဖြစ်သူ ဦးမျိုးထွန်း (Senior Training Manager) က သုံးသပ်ပါသည်။
''ဒီလိုမျိုးလုပ်တဲ့သူက လုပ်နေ မှာပဲ။ ဒါဟာ အွန်လိုင်းကို တလွဲ အသုံးချမှုပဲ။ အွန်လိုင်းပေါ်မှာ အကျိုးရှိတဲ့အရာတွေကို အသုံးချတတ်ရမယ်။ ပညာရပ်ဆိုင်ရာပဲ ဖြစ်ဖြစ်၊ နည်းပညာ ဆိုင်ရာပဲဖြစ်ဖြစ်၊ တစ်ခုခုတိုးတက်ဖို့ ၀ိုင်းဝန်းဆွေးနွေးတဲ့ အလေ့အကျင့်ကို အွန်လိုင်း (Cyber Space) ပေါ်မှာ ဖြစ်လာအောင် လုပ်ဖို့လိုတယ်။ ပညာရှင်တွေအနေနဲ့ ကလည်း Seminar တွေလုပ်ပြီး ပညာပေးဖို့ လိုတယ်''ဟု ဦးမျိုးထွန်းက ဆက်လက် ပြောပြပါသည်။
''တကယ်တော့ ဒီဖြစ်ရပ်တွေ က ကမ္ဘာမှာဖြစ်ခဲ့ပြီးသားတွေပါ။ ထင်ရှားတဲ့ ဥပမာဆိုရင် ဂိုဂဲလ်(Google) ကို ပြလို့ရတယ်။ ဂိုဂဲလ်အနေနဲ့ လွတ်လပ်စွာပြောဆိုခွင့် (Freedom of Speech) ကို အလေးထားပေမယ့် အသရေဖျက်မှု (Defamation) ဖြစ်လာလို့ တရားရုံးက အသုံးပြုသူရဲ့ အမှတ်အသား(Identity) ကို တောင်းဆိုလာခဲ့ရင် ပေးခဲ့ဖူးတဲ့ အစဉ်အလာ တွေရှိပါတယ်။ ဒါကြောင့် အသရေ ဖျက်သူတွေကို အရေးယူနိုင်ခဲ့ဖူး တယ်''ဟု နည်းပညာကို ကျွမ်းကျင်သည့် သတင်းသမားတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံတွင်လည်း အင် တာနက်လိုင်းများကို ကိုယ်ပိုင်ချိတ် ဆက်အသုံးပြုနိုင်သည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီဆိုပါက မိမိ၏ကိုယ်ပိုင် အင်တာနက် အမှတ်အသား (Identity) ကိုအသုံးပြုရခြင်းကြောင့် ယခုကိစ္စများအား ဥပဒေကြောင်း အရ အရေးယူဆောင်ရွက်ရန် ပိုမိုလျင်မြန်ပြီး လွယ်ကူလာနိုင်မည်ဖြစ်ကြောင်း ကွန်ပျူတာပညာရှင်တစ်ဦး ကဆိုပါသည်။ ယခုကဲ့သို့ အရေးယူဆောင်ရွက်သည့် နေရာတွင် ကွန်ပျူတာပညာရှင်များ၊ ဥပဒေပညာရှင်များ၊ အာဏာပိုင်များ(ဥပမာ-ဆိုက်ဘာရဲတပ်ဖွဲ့)များအနေဖြင့် အရေးပါလာကြောင်း ၄င်းကဆက်လက် ပြောကြားပါသည်။
''မကြာခင်ကဖြစ်ခဲ့တဲ့ ကျန်းမာရေးဖြစ်စဉ် တစ်ခုနောက်ပိုင်းမှာ အဲဒါနဲ့ပတ်သက်ပြီး ဘလော့တွေပေါ်မှာ မေးလ်တွေပေါ်မှာ အပြန်အလှန် ငြင်းကြခုံကြ ပြောကြတာတွေ အများကြီးတွေ့ရတယ်။ ဒါပေမယ့် အဲဒီမှာအချို့က မလိုလားအပ်ဘဲ မမှန်မကန် ပုဂ္ဂိုလ်ရေးအပုပ်ချတာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်လာတာ တွေ့ရတယ်။ ဒါမျိုးတွေက မဖြစ်သင့်ပါဘူး။ မှန်ကန်မှုအတွက် ဆွေးနွေးရင်း စစ်မှန်တဲ့အဖြေရဖို့ ၊ လူ့အဖွဲ့အစည်း ကောင်းမွန်ဖို့အတွက်ပဲ အဓိက ဦးတည်သင့်တယ်။ ပုဂ္ဂိုလ်ရေး အာဃာတတွေနဲ့ တလွဲ အသုံးချတာမျိုးကတော့ လုံးဝမဖြစ်သင့်ဘူး။ အခုဟာက အွန်လိုင်းပေါ်မှာ Forward Mail တွေက တစ်ဆင့် ပျံ့နှံ့အောင်လုပ်ကြ တယ်။ အွန်လိုင်းပေါ်မှာ ရေးချင်တာရေး၊ ပို့ချင်တာပို့ အဲလိုပုဂ္ဂိုလ်ရေး အပုပ်ချ ရေးသားတိုက်ခိုက်တာတွေကို ဘယ်သူမှ မသိနိုင်ဘူးဆိုပြီး လုပ်လို့တော့ ရမှာ မဟုတ်တော့ဘူး။ ထိခိုက်နစ်နာသူတွေက အရေးယူမှုတွေ လုပ်မယ်ဆိုရင် သက်ဆိုင်ရာက အဆင့်ဆင့် ရှာဖွေဖော်ထုတ်လို့ ရနေပါပြီ။ ဒါကိုတော့ သတိပြုသင့်ကြပါတယ်''ဟု အင်တာနက် လေ့လာသူ တစ်ဦးက ပြောပါသည်။
''ဆိုက်ဘာအသရေဖျက်မှု (Cyber Defamation) အတွက် အရေးယူ ဆောင်ရွက်နိုင်စရာ နည်းလမ်းတွေရှိတယ်။ အသရေဖျက်သူရဲ့ မှတ်တမ်း (User Profile) နှင့် သူ့ရဲ့အင်တာနက်နံပါတ် (Internet IP) ကိုတိုက်စစ်ပြီး သူ့ရဲ့အင်တာ နက် အသုံးပြုတဲ့ အလေ့အကျင့် (Habit) ကိုရပြီဆိုရင် သူဘယ်သူလဲ ဆိုတာ ခြေရာခံလို့ ရပါပြီ။ ဆိုက်ဘာအသရေဖျက်မှု ဆိုရင် ဆိုက်ဘာကုမ္ပဏီ တွေ (ဥပမာ- Google) နှင့်အင်တာနက်ကုမ္ပဏီ (Internet Service Provider) တွေက အချက်အလက် တွေ ထုတ်ပေးဖူးတဲ့ အစဉ်အလာရှိ တယ်။ ‘ဒါကြောင့် အသရေဖျက်သူတွေကို ရှာဖွေဖော်ထုတ်ပြီး အရေးယူနိုင်တယ်။ ဒီလိုဖော်ထုတ်ပြီး အရေးယူနိုင်ဖို့ မြန်မာနိုင်ငံမှာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေရှိပြီး ဖြစ်ပါတယ်''ဟု IT Manager တစ်ဦးက ပြောပြခဲ့ပါသည်။
''Facebook မှာဆိုရင် လူပုဂ္ဂိုလ်တစ်ဦးဦးပုံစံ အယောင်ဆောင်ပြီး အသေရေဖျက်မှုတွေ ရှိခဲ့ဖူးတယ်။ နာမည်ကျော် အီတလီ ဘောလုံးသမား ဒယ်လ်ပီယာရိုဆိုရင် သူ့ရဲ့ ဓာတ်ပုံတွေနဲ့ သူ့ရဲ့နာမည်ကို အသုံးပြုပြီး Facebook ပေါ်မှာ အယောင်ဆောင် လိမ်လည်တာ ခံခဲ့ရဖူးပါတယ်။ ဒီကိစ္စအတွက် ကျူးလွန်သူကို Facebook က ဖော်ထုတ်ပေးခဲ့ဖူးတယ်''ဟု ၄င်းက ဆက်လက်ပြောပြသည်။
''လွတ်လပ်စွာ ရေးသားပြောဆိုခွင့် ဆိုတာ လူတိုင်းရဲ့မွေးရာပါ အခွင့်အရေးပဲ။ ဒါပေမယ့် ဒီအခွင့် အရေးဟာ သူတစ်ပါးကို အကြောင်းမဲ့ အပုပ်ချဖို့ မဟုတ်ဘူး။ မှန်တာကို ရေးလို့ရမယ်။ မမှန်တာကိုတော့ အပုပ်မချသင့်ဘူး။ အနာဂတ်ကာလ မှာ ရွေးကောက်ပွဲတွေ ရှိလာမယ်။ ဒီလိုအချိန်အခါမျိုးမှာ အခုလိုကိစ္စ တွေဖြစ်လာမယ်ဆိုရင် သိပ်ကို ကြောက်စရာကောင်းတယ်။ ပြည်သူနဲ့ နိုင်ငံအတွက် သိပ်အန္တရာယ်ကြီးတယ်။ ဆိုက်ဘာနည်းပညာ အသုံးပြုပြီး ပုဂ္ဂိုလ်ရေး အပုပ်ချတာတွေ၊ တိုက်ခိုက်တာတွေ၊ ရာဇ၀တ်မှုတွေကို စနစ်တကျ ဖော်ထုတ်ပေးနိုင်ဖို့ ဆိုက်ဘာရဲတပ်ဖွဲ့ (Cyber Police Force) ဟာ အရေးပါလာတယ်''ဟု ၀ါရင့် သတင်း သမားတစ်ဦးက သုံးသပ်ပြော ကြားခဲ့သည်။
''အခု Forwarded Mail တွေကတစ်ဆင့် အဖြူရောင်ဆေး(၂)လို့ အမည်ခံတဲ့သူက ပြိုင်ဘက် ဆေးခန်းကြီးတစ်ခုမှာ ရှယ်ယာဝင်ထားလို့ ဒီသတင်းကို ရေးတာပါဆိုတဲ့ ပုံစံမျိုး၊ ကျွန်တော်တို့ ရေးသားထားမှု အပေါ် အမှန်ကို အမှားဖြစ်အောင်၊ သေးသိမ်ညံ့ဖျင်းအောင်၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ် ရေးသားလာတာကို တွေ့ရ ပါတယ်။ ဒါဟာ Cyber Defamation၊ Cyber Crime ပါ။ ကျွန်တော်တို့ Eleven Media Group အနေနဲ့ principle အရ အများပြည်သူအကျိုး၊ လူ့အဖွဲ့အစည်း အကျိုးအတွက် ရေးသင့်ရေးထိုက်တာကိုပဲ ရေးသားတာပါ။ ဘယ်စီးပွားရေး လုပ်ငန်းကိုမှ စီးပွားရေးရည်ရွယ်ချက်နဲ့ တိုက်ခိုက်တာ မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ အများ ထင်သာမြင်သာရှိတဲ့ အများသိပြီးသား ရိုးရှင်းတဲ့လုပ်ငန်းကိုပဲ လုပ်တာပါ။ Eleven Media Group ဟာ ဘယ်စီးပွားရေး လုပ်ငန်းမှာမှ ရှယ်ယာဝင် မဟုတ်သလို Eleven Media Group မှာလည်း အပြင်က ဘယ်သူ့ ရှယ်ယာမှမပါပါဘူး''ဟု Eleven Media Group မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ကွန်ပျူတာကွန်ရက်ကို အသုံးပြု၍ ပြည်တွင်း ပြည်ပဆက်သွယ် ဆောင်ရွက်သည့် ကိစ္စများတွင် အီလက်ထရောနစ်မှတ်တမ်းနှင့် အီလက် ထရောနစ် အချက်အလက် သတင်းလွှာများ၏ စစ်မှန်မှုနှင့် ယုံကြည်စိတ်ချရမှုကို အသိအမှတ်ပြုပြီး ဥပဒေအရ ကာကွယ်ပေးနိုင်ရန် ဟူသည့် ရည်ရွယ်ချက်ဖြင့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ၂၀၀၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ဥပဒေ အမှတ်(၅/၂၀၀၄) ဖြင့် ပြဋ္ဌာန်းခဲ့သည်။
ဤဥပဒေပါ ပြဋ္ဌာန်းချက်များ သည် ပြည်တွင်း၊ ပြည်ပဆက်ဆံမှုမှာ၊ လုပ်ငန်းဆက်စပ် ဆောင်ရွက်မှု၊ စီစဉ်မှု၊ သဘောတူညီမှု၊ ပဋိညာဉ် ချုပ်ဆိုမှု၊ သတင်းအချက်အလက် ဖလှယ်မှုနှင့် သိုမှီးထိန်းသိမ်းမှုများ အပါအ၀င် စီးပွားရေးနှင့် သက်ဆိုင်သော ကိစ္စရပ်တွင် ဖြစ်စေ၊ စီးပွားရေးနှင့် သက်ဆိုင်ခြင်းမရှိသော ကိစ္စရပ်တွင် ဖြစ်စေ အသုံးပြုသည့် အီလက်ထရောနစ် မှတ်တမ်းနှင့် အီလက်ထရောနစ် အချက်အလက်သတင်းလွှာအမျိုး အစားတစ်မျိုးမျိုးနှင့် သက်ဆိုင်စေရ မည်ဖြစ်ကြောင်း၊ မည်သူမဆို ဤ ဥပဒေအရ အရေးယူနိုင်သော ပြစ်မှု တစ်ရပ်ရပ်ကို ပြည်တွင်းတွင်ကျူး လွန်လျင်ဖြစ်စေ၊ ပြည်ပမှပြည်တွင်းသို့ လည်းကောင်း၊ ပြည်တွင်းမှပြည်ပ သို့လည်းကောင်း အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ ကျူးလွန်လျင် ဖြစ်စေ ဤဥပဒေနှင့် သက်ဆိုင်စေရမည် ဖြစ်ကြောင်း၊ ဤဥပဒေ၏ ပုဒ်မ-၄(က)(ခ)တွင် ပြဋ္ဌာန်း ထားချက်အရ သိရှိရသည်။

လွတ်လပ်စွာ ရေးသားပြောဆိုခွင့် ဆိုတာ လူတိုင်းရဲ့မွေးရာပါ အခွင့်အရေးပဲ။ ဒါပေမယ့် ဒီအခွင့် အရေးဟာ သူတစ်ပါးကို အကြောင်းမဲ့ အပုပ်ချဖို့ မဟုတ်ဘူး။ မှန်တာကို ရေးလို့ရမယ်။ မမှန်တာကိုတော့ အပုပ်မချသင့်ဘူး။ အနာဂတ်ကာလ မှာ ရွေးကောက်ပွဲတွေ ရှိလာမယ်။ ဒီလိုအချိန်အခါမျိုးမှာ အခုလိုကိစ္စ တွေဖြစ်လာမယ်ဆိုရင် ...

ထို့ပြင် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ ခွင့်ပြုချက် သို့မဟုတ်၊ သဘောတူညီချက် မရှိဘဲ၊ ထိုသူ၏ လုံခြုံမှုအဆင့်ထားရှိသော အမှတ်၊ စကားဝှက် သို့မဟုတ် အီလက်ထရောနစ် ထိုးမြဲလက်မှတ်ဖြင့် အခြား ပုဂ္ဂိုလ်တစ်ဦးဦးသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်အသုံး ပြုခြင်းနှင့် အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်ဖြစ်စေ သတင်းအချက် အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် သတင်းအချက်အလက်ကို ဖြန့်ချိခြင်းတို့ ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျင် ထိုသူအား ထောင်ဒဏ်(၅)နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄(ဂ)(ဃ)တို့တွင် ပြဋ္ဌာန်းထားကြောင်း သိရသည်။
''ယခုအချိန်မှာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာတွေကို သုံးပြီး တစ်ဦးတစ်ယောက်ကိုဖြစ်ဖြစ်၊ အဖွဲ့အစည်းကို ဖြစ်ဖြစ်၊ ဂုဏ်သိက္ခာကျအောင်၊ ထိခိုက်နစ်နာအောင် ပြုလုပ်တာတွေ အရမ်းများနေပါပြီ။ ဒါတွေကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူနိုင်မယ် ဆိုလျော့နည်းသွားမှာပါ။ ကျူးလွန်သူတစ်ဦးကို မှတ်လောက်သားလောက်တဲ့ ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်လိုက်မယ်ဆိုရင် နောက်လူတွေလည်း လုပ် ရဲမှာမဟုတ်တော့ပါဘူး။ တချို့က ပြစ်မှုကျူးလွန်တဲ့ နေရာမှာ ပူးပေါင်း ကြံစည် လုပ်ဆောင်တာတွေတောင် ရှိတယ်လို့ ကြားနေရပါတယ်။ အဲဒီလို လူတွေသိထားဖို့က ဘယ်သူမဆို ဒီဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူး လွန်ဖို့ အားထုတ်တာပဲ ဖြစ်ဖြစ်၊ ပူးပေါင်းကြံစည်ပြီး ပြစ်မှုမြောက်တဲ့ပြု လုပ်မှုကို ပြုလုပ်တာပဲဖြစ်ဖြစ်၊ ပြစ်မှုကျူးလွန်ရာမှာ အားပေးကူညီရင်ဖြစ်ဖြစ် ဒီပြစ်မှုအတွက် ဒီဥပဒေမှာပြဋ္ဌာန်းထားတဲ့ ပြစ်ဒဏ်ချမှတ်ခြင်း ခံရမှာ ဖြစ်ပါတယ်''ဟု ဥပဒေအတိုင်ပင်ခံ ဥပဒေပညာရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။

Source :www.first-11.com
Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: