Personal tools
You are here: Home ဆောင်းပါး ဘလော့ ရေး၍ ဒေါ်လာသန်းကြွယ်သူဌေး လုပ်နေကြသူများ
Navigation
Log in


Forgot your password?
 
Document Actions

ဘလော့ ရေး၍ ဒေါ်လာသန်းကြွယ်သူဌေး လုပ်နေကြသူများ

by michael last modified 2011-05-10 22:13

...


12:17 PM
BoingBoing ဘလော့ရဲ့ပိုင်ရှင်ကတော့ Mark Frauenfelder ပါ။ Mark ဟာ စာရေးဆရာတစ်ယောက်ဖြစ်သလို မျက်နှာဖုံးပန်းချီဆရာအဖြစ်လည်း လုပ်ပါတယ်။ Play Boy magazine မှာ လစဉ် ပင်တိုင်ဆောင်းပါးရှင် အဖြစ် သုံးနှစ်သုံးမိုး အလုပ်လုပ်ကိုင်ခဲ့ဖူးသူတစ်ယောက်ပါ။ သူ့ရဲ့ BoingBoing ကို ၂၀၀၀ ခုနှစ် ဇန်န၀ါရီလမှာ တည်ထောင်ခဲ့ပြီး နှစ်စဉ် ၀င်ငွေဟာ ဒေါ်လာတစ်သန်း ၀န်းကျင်ဖြစ်ပါတယ်။ ဘလော့ပေါ်မှာ အကြောင်းအရာမျိုးစုံပါဝင်ပါတယ်။ ဟာသ၊ သိပ္ပံ၊ ကွန်ပျူ နဲ့ နည်းပညာ စတာတွေ ဖြစ်ပါတယ်။ သူ့ဘလော့ဆီ လာရောက်လည်ပတ်သူဦးရေဟာ အံ့သြစရာကောင်းလောက်အောင် များပြားလွန်းပါတယ်။ စစ်တမ်းများအရ သူ့ဘလော့ကို လည်ပတ်ကြသူ ဧည့်သည်ဦးရေဟာ တစ်လကို ၂.၆ သန်း ရှိတယ်လို့ ဆိုပါတယ်။ အများဆုံးက ဘလော့တွေကနေ တဆင့် သူ့ဆီကို လာရောက်ပတ်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ရက်ကို ၂၀ ပို့စ် ကနေ ၄၀ ပို့စ် ထိ သူငွေပေးထားတဲ့ ဘလော့ဂါများက update လုပပေးက်ြပါတယ်။ အဓိက ၀င်ငွေကတော့ ကြော်ငြာ ဖြစ်ပါတယ်။ ဘတ်တန်အသေးစားအတွက် တစ်ပါတ်ကို ဒေါ်လာ ၃၅၀၊ ဘန်းနာ အတွက် အနည်းဆုံး ၁၇၀.၀၀၀ ဖြစ်ပါတယ်။














ShoeMoney ဘလော့ပိုင်ရှင်ကတော့ Jeremy Schoemaker ဖြစ်ပါတယ်။ ခေါင်းကို ပြောင်နေအောင် ရိပ်ထားတဲ့အတွက် အများနဲ့ မတူ တမူထူးခြား ပြီးကြည့်ကောင်းတယ် လို့ ဆိုကြတယ်။ ၂၀၀၅ ခုနှစ်မှာ ဘလော့ကို စတင်ခဲ့ပြီး တစ်လကို ဒေါ်လာ ၂၀. ၀၀၀ (သို့) တစ်နှစ်ကို ဒေါ်လာ ၂၄၀.၀၀၀ ရရှိပါတယ်။ သူ့ဘလော့ရဲ့ အကြောင်းအရာကတော့ (Making Money Online) အွန်လိုင်းပေါ်ကနေ ငွေရှာပုံ ရှာနည်း ဖြစ်ပါတယ်။ တစ်ရက်ကို ဧည့်သည် ဦးရေ ၂၀.၀၀၀ ဖြစ်ပါတယ်။ အဓိက ၀င်ငွေကတော့ သူ့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်မှုပါ။ AuctionAds, dan google AdSense စတာတွေကနေ ရရှိနေတာပါ။ အောင်မြင်တဲ့ အချိန်ပြည့်ဘလော့ဂါ တစ်ယောက်ဖြစ်ပါတယ်။



Talkingpointsmemo.com ကို ပိုင်ဆိုင်သူကတော့ Josh Marshall ဖြစ်ပါတယ်။ နိုင်ငံရေးသတင်းထောက်ဟောင်း တစ်ယောက်အဖြစ်ကနေ အချိန်ပြည့် ဘလော့ဂါတစ်ယောက်ဖြစ်လာပါတယ်။ သူ့ဘလော့ကို ၂၀၀၀ ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့ပြီး တစ်လ ၀င်ငွေဟာ ဒေါ်လာ ၅၄.၀၀၀ (သို့) တစ်နှစ် ၀င်ငွေဟာ ၆၄၀.၀၀၀ ဖြစ်ပါတယ်။ မိုက်တယ်နော် ၀င်ငွေကတော့။ နိုင်ငံရေး ဘလော့ပါ။ တစ်ပါတ်ကို page view ပေါင်း ၅၀၀.၀၀၀ ထိရှိပါတယ်။ သူ့ရဲ့ အဓိက ၀င်ငွေကလည်း ကြော်ငြာက ရတာ ဖြစ်ပါတယ်။




perezhilton.com ပိုင်ရှင်ကတော့ Mario Lavandeira ဖြစ်ပါတယ်။ သူ့ရဲ့ကျိုးစားအားထုတ်မှုတွေကြောင့် သူ့ဘလော့ဆီလာရောက် လည်ပတ်သူတွေဆီကနေ ကြောငြာတွေ ရရှိနေတာ ဖြစ်တယ်လို့ မာရီယိုက ပြောပါတယ်။ သူ့ဘော့ ၂၀၀၀ ခုနှစ် စက်တင်ဘာလမှာ စတင်ခဲ့ပြီး လစဉ်ဝင်ငွေဟာ ၁၁၀.၀၀၀ (သို့) တစ်နှစ် ၀င်ငွေဟာ ဒေါ်လာ သန်း ၁.၃၂ ဖြစ်ပါတယ်။ သူ့ဘလော့ကတော့ နာမည်ကြီး အထင်ကရ မင်းသားမင်းသမီးတွေ အကြောင်း ရေးတဲ့ဘလော့ပါ။ တစ်ရက်ကို သူ့ဘလော့ဆီ လာရောက် လည်ပတ်ကြသူတွေဟာ ၄ သန်းထိ ရှိပါတယ်။ အဓိက ၀င်ငွေကတော့ ကြော်ငြာနဲ့ ဘန်းနားပါ။ ဘန်းနားတစ်ခုကို တစ်ရက် ဒေါ်လာ ၁၃.၀၀၀ ပေးရပါတယ်။ ဗုဒ္ဓေါ ဈေးကြီးလှချည်လား။ တကယ်တော့ Perezhilton ဆိုတာ ကမ္ဘာပေါ်မှာ နာမည်အကြီး ဘလော့ ဖြစ်ပါတယ်။ ဘလော့ ပိုင်ရှင်ဟာလည်း နာမည်ကြီးလာပါတယ်။ Miss America 2009 ရွေးပွဲမှာလည်း ဒိုင်လူကြီးအဖြစ် ပါဝင်ခဲ့ပါတယ်။





Gothamist ဘလော့ကို ပိုင်ဆိုင်သူကတော့ Jake Dobkin ပါ။ သူ့ဘလော့ကို ၂၀၀၃ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ လစဉ်ဝင်ငွေ ၅၀.၀၀၀ (သို့) နှစ်စဉ် ၀င်ငွေ ၆၀၀.၀၀၀ ဖြစ်ပါတယ်။ သူ့ဘလော့ပေါ်က အကြောင်းအရာများကတော့ the dynamics of New York city ၊ art ၊ food ၊ events ၊ နဲ့ 7 metropolitan cities of the world တို့ ဖြစ်ပါတယ်။ သူ့ဘလော့ကို update လုပ်ပေးမယ့်သူ ၅ ထက်မနည်း ရှိပြီး တစ်ရက်ကို ပို့စ် ၂၀ ကနေ ပို့စ် ၂၅ ထိ တင်ပေးနေပါတယ်။ တစ်လကို page view ပေါင်း ၇ သန်းရှိပါတယ်။ အဓိက ၀င်ငွေကတော့ ကြော်ငြာပါ။ အံ့သြစရာကောင်းတဲ့ ဘလော့ပါ။ New York မြို့အကြောင်းလေး ပါလိုက်တာနဲ့ ဒေါ်လာသန်းနဲ့ ချီပြီးရနေပါတယ်။ ခင်ဗျားတို့ မြို့ကရော ဘယ်လိုလဲ။ 






TechCrunch ဘလော့ ပိုင်ရှင်ကတော့ Michael Arrington ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဘလော့ကို စတင်ခဲ့ပြီး တစ်လကို ဒေါ်လာ ၂၀၀.၀၀၀ ၀င်ငွေရှိပြီး တစ်နှစ်ကို ဒေါ်လာ ၂.၄ သန်း ၀င်ငွေ ရရှိနေပါတယ်။ gear နဲ့ mobile technology အကြောင်းရေးတဲ့ ဘလော့ပါ။ တစ်လကို page view ပေါင်း ၅ သန်း ရှိပါတယ်။ သူ့ရဲ့ အဓိက ၀င်ငွေကလည်း ကြော်ငြာက ရတာရှိတာ ဖြစ်ပြီး တစ်ပါတ်ကို ဘတ်တန်အသေးစားအတွက် ဒေါ်လာ ၃၀၀ နဲ့ ဘန်နာ အသေးစားအတွက် ဒေါ်လာ ၁၀၀၀ ပေးရပါတယ်။ ဒီဝက်ဆိုက်မှာ ဘယ်သူတွေ ကြော်ငြာ ထည့်ချင်ကြလဲ ပြောပါ။




Mashable ဘလော့ပိုင်ရှင်ကတော့ Pete Cashmore ဖြစ်ပါတယ်။ သူ့ဘလော့ကို ၂၀၀၅ ခုနှစ်မှာ စတင်ခဲ့ပြီး ၀င်ငွေကတော့ လစဉ် ၀င်ငွေ ၁၆၆.၀၀၀ (သို့) နှစ်စဉ် ၀င်ငွေ ၁. ၉၂ သန်းရရှိနေပါတယ်။ တစ်လကို page view ပေါင်း ၄ သန်းရှိတယ်လို့ ဆိုပါတယ်။ ၀င်ငွေကတော့ ထုံးစံအတိုင်း ကြော်ငြာက ရတာပါ။ တစ်ပါတ်အတွက် ဘန်းနားဟာ ၂၀၀၀ ကုန်ကျပါတယ်။ ဘလော့ဂါဆိုတာ အချိန်ပြည့်လုပ်ရမယ့် အလုပ်ဖြစ်သလို ဘလော့ဂါတစ်ယောက်ဖြစ်တဲ့အတွက် သိပ်ပြီး အအိပ်မက်ကြပါနဲ့ လို့ ပီတီက ပြောပါတယ်။ သဘောတူကြလားဟေ့။





Problogger ရဲ့ ပိုင်ရှင်ကတော့ Darren Rowse ဖြစ်ပါတယ်။ လူအများက သူ့ကို ဘလော့ရေးပြီး ပိုက်ဆံရှာတဲ့ ဘလော့ဂါတို့ရဲ့ ဖခင် လို့ တင်စားပြီး ခေါ်ဝေါ်ကြပါတယ်။ ဘလော့ဂါများကို သူ့ဘလော့ဆီ လာကြဖို့ အမြဲ သူဖိတ်ကြားတယ်။ Yaro Starak တို့လို ဘလော့ဂါတွေ Chris Garret တို့ ဘလော့ဂါတွေဟာ နာမည်ကြီးလာကြပြီး ဒေါ်လာတွေ ထောင်နဲ့ ချီဝင်နေကြတယ်။ သူ့ဘလော့ကို ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့ပြီး နှစ်စဉ် ၀င်ငွေဟာ ၁၀၀.၀၀၀ ခန့် ရရှိနေပါတယ်။ Making Money Online ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားနေတာပါ။ သူ့ဘလော့ကို နေ့စဉ် နေ့တိုင်း ပို့စ် တစ်ခု ကနေ နှစ်ခု ထိ အမြဲ update လုပ်လေ့ရှိတယ်။ လာရောက် လည်ပတ်သူ ဦးရေးရေဟာ တစ်လကို ၁.၅ သန်း ရှိတယ်။ အဓိက ၀င်ငွေတွေကတော့ Chitika, Google AdSense, Text Link Ads, dan Amazon Associates တို့ကနေ ရရှိနေတာ ဖြစ်ပါတယ်။




Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: