Personal tools
You are here: Home ဆောင်းပါး မိမိ မရှိတဲ့ အချိန် Computer ကို ဘယ်သူ သုံးလဲ
Navigation
Log in


Forgot your password?
 
Document Actions

မိမိ မရှိတဲ့ အချိန် Computer ကို ဘယ်သူ သုံးလဲ

by michael last modified 2011-05-10 20:51

ကျွန်တော်ကို ကိုစောကြည်ဖြူ မေးလ်ပို့ပြီး မေးထားတာ အတော် ကြာပါပြီ။ ချက်ချင် မသိလို့ ချက်ချင် မဖြေပေးတာပါ။ ဒီနေ့တော့ ဖြေပေးလိုက်ပါတယ်။ ကျွန်တော်တို့ ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက Run ကနေ Recent လို့ ရိုက်ပြီ ဘာတွေ ဖွင့်လဲဆိုတာ ကြည့်မှာပေါ့လို့။

ဟုတ်ကဲ့ ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ ဘယ်အချိန်မှာ ဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင် ဘယ်လို့မှ သူဖွင့်မဖွင့် မသိနိုင်ပါဘူး။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။

1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာ နေ့ရက် အချိန်နာရီတွေကို တွေ့နိုင်ပါတယ်။ (မှတ်ချက်။ ။ Windows 7 မှာ ရိုက်တဲ့ပုံဖြစ်ပါတယ်။ ) ကျန်တဲ့ Tool တွေကို ကိုယ်တိုင်းလေ့လာကြည့်ပါ.။ ကျွန်တော် Thinking လေးဘဲ ချပြတာပါ။ ဒီ command က ဒါတွေ လုပ်ဆောင်တယ်လို့ ပြောပြီသွားပါပြီး။ ဒီထပ် လေ့လာရမှာက စာဖတ်သူကိုယ်တိုင်းသာ ဖြစ်ပါတယ်။ :D


မှတ်ချက် ။။။။။ XP မှာ ပိုပြီး ရှင်းလင်း လွယ်ကူစွာ တွေ့မြင်နိုင်ပါတယ်။ အရမ်းကို ကောင်းပါတယ်။
(my computer ပေါ် Right click ထောက် Manage ကို click ပြီး Event Viewer ကို ဖွင့်ပြီးကြည့်လဲ အတူတူ ဖြစ်ပါတယ်)
Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: