Personal tools
You are here: Home ဆောင်းပါး သတင်းအချက်အလက်ဆိုင်ရာ လုံခြုံမှုများ
Navigation
Log in


Forgot your password?
 
Document Actions

သတင်းအချက်အလက်ဆိုင်ရာ လုံခြုံမှုများ

by michael last modified 2011-05-10 20:40

အချက်အလက်ပိုင်းဆိုင်ရာအန္တရာယ်မရှိအောင်ပြုခြင်းဆိုသည်မှာ အချက်အလက်များ နှင့် ယင်းတို့ကို ထောက်ပံ့ပေးသော တည်ဆောက်မှု အစိတ်ပိုင်းငယ်များကို မည်သည့်ဖြစ်ရပ်မျိုး၊ မနှစ်မြို့ဖွယ် တိုက်ခိုက်ထိုးနှက်မှုမျိုးများမှု ကာကွယ်ခြင်းပင်ဖြစ်သည်။

၎င်းတိုက်ခိုက်မှုများသည် အဓိကအချက်အလက်များ သာမက ယင်းတို့ကို ကိုင်တွယ်ထားသော၊ ယင်းတို့ကို အထောက်အပံ့ပြုသော အပိုင်းငယ်များကိုပါ ပျက်စီးစေသည်။ အချက်အလက်ပိုင်းဆိုင်ရာ လုံခြုံမှု စီမံချက်များသည် ပျက်စီးဆုံးရှုံးမှုများကို လျော့နည်းစေရုံမက ယင်းထိုးနှက်မှုများကိုပါ ကြိုတင်ခန့်မှန်း ကာကွယ်နိုင်ခြင်းများကိုပါ ပြုလုပ်နိုင်ပေသည်။

သတင်းအချက်အလက် လုံခြုံမှုကို ဘယ်အရာတွေက ခြိမ်းခြောက်နေသလဲ။
အချက်အလက်များ ပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေနိုင်သော လုပ်ရပ်များကို အပိုင်းအနည်းငယ် ခွဲခြားနိုင်ပါသည်။

၁။ မိမိကိုယ်တိုင် အသုံးပြုမှုများကြောင့် ဖြစ်လာသော ဖြစ်ရပ်များ
ယင်းတွင် အောက်ပါ အကြောင်းအရာများ ပါဝင်သည်။
  1. - server သို့မဟုတ် desktop station တစ်ခုခုမှ အချက်အလက်များကို ရည်ရွယ်ချက်ဖြင့် ခိုးယူခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊
  2. - မိမိ သို့မဟုတ် အခြားအသုံးပြုသူတစ်ဦးတစ်ယောက်က ဂရုမစိုက်စွာ ပြုမူသုံးစွဲသောကြောင့် ဖြစ်သော ပျက်စီး ဆုံးရှုံးမှုများ။
၂။ Hackers များပြုလုပ်ထားသော အီလက်ထရွန်းနစ် နည်းလမ်းများ
ဟက်ကာဆိုရာတွင် ကွန်ပျူတာ နည်းဥပဒေဆိုင်ရာ ရာဇဝတ်မှုများကို အသက်မွေးဝမ်းကျောင်း တစ်ခုကဲ့သို့ (တမင်ရည်ရွယ်ကာ လုံးဝတိုက်ခိုက်ထိုးနှက်မှုများ) ပြုလုပ်ကျူးလွန်နေသူများသာမက သာမန်ရိုးရိုး စူးစမ်းစပ်စုကာ လက်တည့်စမ်းသူများပါ ပါဝင်ပေသည်။ ယင်းတို့ပြုလုပ်သော နည်းများတွင်
  1. - ကွန်ပျူတာကွန်ယက်များကို ခွင့်ပြုချက်မရှိဘဲ ထိုးဖောက်တိုက်ခိုက်ခြင်းများ
  2. - DOS-attack သုံးပြီး တိုက်ခိုက်ခြင်းများ ပါဝင်သည်။လုပ်ငန်းများဆိုင်ရာ ကွန်ယက်တစ်ခုကို အခွင့်မရှိဘဲ ထိုးဖောက်တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်တွေကတော့ အန္တရာယ်ပြုလိုခြင်း (အချက်အလက်များကို ဖျက်ဆီးပစ်ခြင်း)၊ အဓိက အရေးကြီးတဲ့ အချက်အလက်များကို ခိုးယူလိုခြင်း နှင့် ယင်းတို့ကို ဥပဒေမဲ့စွာ သုံးလိုခြင်း၊ အခြားစက်ရုံကုမ္ပဏီများ၏ ဆုံချက်ကို တိုက်ခိုက်ရန် ယင်းတို့၏ကွန်ယက်အစိတ်အပိုင်းများကို အသုံးပြုလိုခြင်း၊ လိုအပ်သော ငွေကြေးနှင့် အခြားအရာများကို အခြားစက်ရုံများ၏ sever များ၊ အကောင့်များမှ ခိုးယူခြင်း စသည်တို့ ဖြစ်ပါသည်။
DOS ဖြင့်တိုက်ခိုက်ခြင်း (Denial of Service - ဝန်ဆောင်မှုကိုငြင်းဆန်ခြင်း) ဆိုတာ ဖိုင်တွေ၊ အီးမေးလ်ဆာဗာတွေ အတွက် အန္တရာယ်ကင်းပြီး ထိရောက်မှုရှိစေဖို့ ဆောင်ရွက်ပေးတဲ့ လုပ်ငန်းဆောင်တာတွေ ကွန်ယက်ဆုံချက်တွေကို တိုက်ခိုက်တဲ့ ပြင်ပတိုက်ခိုက်မှု တစ်မျိုးဖြစ်ပါတယ်။ အကောက်ကြံသူတွေဟာ ၄င်းဆုံချက်နေရာတွေကို အချက်အလက်များစွာ ပါဝင်တဲ့ ဖိုင်၊ ဖော်လ်ဒါ ပေးပို့ခြင်းအများအပြားပြုလုပ်ကြပါတယ်။ သို့မှသာ ထိုကွန်ယက်ဆုံချက်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ လုပ်ငန်းစဉ်တာတွေ ချွတ်ချော်သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့.. ထုံးစံအတိုင်းပဲပေါ့။ သားကောင်ကုမ္ပဏီတွေရဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှု အစီစဉ်တွေပျက်စီးကုန်တယ်။ ဖောက်သည်တွေ ဆုံးရှုံးတယ်။ ဂုဏ်သတင်းတွေ ကျဆုံးကုန်တယ်။ စသဖြင့် မမျှော်မှန်းနိုင်တဲ့ ပျက်စီးဆုံးရူံးမှုတွေလည်း ကြုံရနိုင်ပါတယ်။

၃။ ကွန်ပျူတာ ဗိုင်းရပ်စ်များ

သီးသန့်အပိုင်းတစ်ခုအနေနဲ့ အီလက်ထရွန်းနစ်ဆိုင်ရာ ထိုးနှက်ခြင်းတစ်ခုကတော့ ကွန်ပျူတာဗိုင်းရပ်တွေနဲ့ အခြား အန္တရာယ်ပြုနိုင်တဲ့ ပရိုဂရမ်တွေဖြစ်ပါတယ်။ အဲဒါတွေကတော့ ကွန်ပျူတာကွန်ယက်တွေ၊ အင်တာနက်နဲ့ အီးမေးလ်တွေကို ကျယ်ပြန့်စွာသုံးနေတယ့် ခေတ်မီ စီးပွားရေးလုပ်ငန်းတွေအတွက် တကယ့်အန္တရာယ်ပါပဲ။ ပေါင်းစည်းကွန်ယက်တစ်ခုမှာ ဗိုင်းရပ်စ်ပေါ်လာပြီးနောက် အကျိုးဆက်ကတော့ ယင်းကွန်ယက်ရဲ့ လုပ်ငန်းဆောင်ရွက်ပေးနိုင်မှုများ ပျက်စီးစေနိုင်ခြင်း၊ အလုပ်ချိန် နှောင့်နှေးသွားခြင်း၊ အချက်အလက်အချို့ ပျောက်ဆုံးသွားခြင်း၊ အရေးကြီးသော အချက်အလက်များ အခိုးခံရခြင်းတို့ပင်။ ဒါ့အပြင် ငွေကြေးဆိုင်ရာ အချက်အလက်၊ အကြောင်းအရာများကို ခိုးယူခြင်းဆီသို့ပင် ဦးတည်သွားနိုင်ပေရုံသာမက မိမိ၏ ကွန်ယက်တစ်ခုလုံးကိုပါပျက်စီးဆုံးရှုံးသွားနိုင်ပါတယ်။ အဖွဲ့အစည်းကွန်ယက်ဆီသို့ အဓမ္မ ဦးတည် ထိုးဖောက်နေသော ဗိုင်းရပ်စ် ပရိုဂရမ်တစ်ခုဟာ အကောက်ကြံသူတစ်ယောက်အတွက် ကုမ္ပဏီရဲ့လုပ်ငန်းဆောင်တာတွေအပေါ်မှာ တစ်စိတ်တစ်ပိုင်းဖြစ်စေ အပြည့်အဝဖြစ်စေ ချုပ်ကိုင်နိုင်ဖို့ အထောက်အပံ့ကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။

၎။ Spam များ

နှစ်အနည်းငယ်အတွင်းမှာ စပဲမ်းဟာ မပြောပလောက်တဲ့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အချက်တစ်ခုအနေကနေ လုံခြုံမှုကို အပြင်းအထန်ခြိမ်းခြောက်လာတဲ့ အရာတစ်ခု ဖြစ်လာပါတယ်။
  1. - အီးမေးလ်ဟာ နောက်ဆုံးအချိန်မှာ အန္တရာယ်ပြုနိုင်တဲ့ ပရိုဂရမ်တွေကို ဖြန်းဖြူးရာ အဓိက နေရာဖြစ်လာပါတယ်။
  2. - စပဲမ်းကြောင့် အကြောင်းကြားစာများကို ကြည့်ရန်နှင့် ယင်းနောက် ၄င်းတို့ကို ဖျက်ပစ်ရန် အချိန်များစွာယူရခြင်း စသည်တို့ကြောင့် လုပ်ငန်းလုပ်ဆောင်သူများကြား စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုများဖြစ်ပေါ်စေပါသည်။
  3. - တစ်သီးပုဂ္ဂလလူများရော အဖွဲအစည်းနှင့်လုပ်ဆောင်သူများပါ စပဲမ်းပြုလုပ်သူများ၏ လှည့်ဖြားမှုစနစ်မှာ သားကောင်များ ဖြစ်လာရပါတယ်။
  4. - စပဲမ်းတွေကြောင့် အရေးပါတဲ့ သတင်းအချက်အလက်များ၊ လတ်တလောလုပ်ဆောင်နေသော အရာများစွာ မကြာခဏ ပျက်စီးနေပါတယ်။ ယင်းအခြေအနေများကြောင့် မိမိကုမ္ပဏီ၏ အရေးကြီး မိတ်ဆွေများ၊ customers များ၏ ယုံကြည်မှုများ၊ သဘောတူညီမှုများ ဆုံးရှုံးရခြင်း၊ အခြား မနှစ်မြို့ဖွယ် အကျိုးဆက်များဖြစ်ပေါ်လာခြင်းပင်။ အဆင်ပြေမှုများ နှင့် လိုက်လျောညီထွေမှုများ ဆုံးရှုံုးခြင်းတွေဟာ အထူးသဖြင့် စာရင်းမည်း (Realtime Black List) နဲ့ အားနည်းချက်များရှိသော အခြား စပဲမ်းစစ်နည်းလမ်းများ (weak Spam Filters) သုံးခြင်းကြောင့် ဖြစ်လာရသည်။

၅။ သဘာဝ ပြင်ပ အန္တရာယ်များ
ကုမ္ပဏီတွေရဲ့ သတင်းအချက်အလက် လုံခြုံမှုတွေအပေါ်မှာ အမျိုးမျိုးသော ပြင်ပ အချက်များဟာလည်း လွှမ်းမိုးမှု ရှိပါတယ်။ ကွန်ပျူတာများ၊ အချက်အလက်သယ် ပစ္စည်းများကို မှန်ကန် လုံခြုံသော ထိန်းသိမ်းမှုမရှိခြင်း၊ ယင်းတို့ အခိုးခံရခြင်း၊ အန္တရာယ်ကို မလွှဲသာ မရှောင်သာသော အခြေအနေများဖြင့် ကြုံရခြင်း အစရှိသည်တို့ဟာ အချက်အလက်များ ဆုံရှုံးခြင်းရဲ့ အဓိက အကြောင်းခံတွေပဲ ဖြစ်ပါတယ်။
Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: