Personal tools
You are here: Home ဆောင်းပါး အွန်လိုင်းမှ ကြေးနန်း ပို့သည့်စနစ် စတင်အသုံးပြုနိုင်ပြီ
Navigation
Log in


Forgot your password?
 
Document Actions

အွန်လိုင်းမှ ကြေးနန်း ပို့သည့်စနစ် စတင်အသုံးပြုနိုင်ပြီ

by michael last modified 2011-05-10 20:02

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ အွန်လိုင်းအသုံးပြု၍ ကြေးနန်းပေးပို့နိုင်သော e-Telegram စနစ်တစ်ခုအား The 8th Myanmar ICT Week 2009 ဖွင့်ပွဲနေ့မှ စတင်ကာဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သိရသည်။





မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ယခုစနစ်အားအသုံးပြုလိုပါက e-Telegram prepaid ကတ်ကို ဦးစွာဝယ်ယူရမည်ဖြစ်ပြီး www.etelegram.net.mm သို့ဝင်ရောက်၍ prepaid ကတ်တွင်ပါဝင်သော username, password ကို သက်ဆိုင်ရာနေရာ တွင်ရိုက်ထည့်ကာ ကြေးနန်းပေး ပို့နိုင်မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အဆိုပါ ၀န်ဆောင်မှုအတွက် prepaid ကတ်တစ်ကတ်လျှင် တစ်နှစ်စာအတွက် ကျပ်တစ်သောင်း သတ်မှတ်ထားပြီး အဆိုပါတစ်နှစ် အတွင်းတွင် ကြေးနန်း ပေးပို့မည်ဆိုပါက မြန်မာစာလုံး အရေအတွက်ငါးရာကို ကြေးနန်း စာမျက်နှာ တစ်မျက်နှာ သတ်မှတ်ထားကာ အင်္ဂလိပ်စာလုံး အရေအတွက်သုံးရာကို ကြေးနန်း စာမျက်နှာတစ်မှက်နှာ သတ်မှတ်ထားကြောင်း သိရသည်။
အွန်လိုင်းမှ ပေးပို့နိုင်သော ကြေးနန်း စာမျက်နှာ တစ်မျက်နှာအတွက် မြန်မာငွေသုံးရာ ကျသင့်မည်ဖြစ်ပြီး prepaid ကတ်တန်ဖိုးအတွက် ပေးသွင်းထားသည့် ကျပ်တစ်သောင်း မကုန်မချင်း တစ် နှစ်အတွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ အွန်လိုင်းမှပေးပို့နိုင်သော ကြေးနန်း စာမျက်နှာ တစ်မျက်နှာအတွက် ကျသင့်ငွေ သုံးရာကျပ်ကို ကြေးနန်း တစ်ကြိမ်ပေးပို့တိုင်း တစ်ပါတည်း နှုတ်ယူသွားမည်ဖြစ်ပြီး အကယ်၍လက် ကျန်ငွေမရှိတော့ပါက e-Telegram စနစ်၏ software မှ ကြေးနန်းပေးပို့ခြင်းကို ပိတ်ပင်ထားမည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ e-telegram prepaid စနစ်သည် အဆိုပါကဒ်ကိုင်ဆောင်သူအချင်းချင်းလည်း အသုံးပြုနိုင်သော prepaid to prepaid စနစ်ဖြစ်ပြီး ကဒ်ရှိသူမှကဒ်မရှိသူထံလည်း ကြေးနန်းပေးပို့နိုင်ရန် စီစဉ် ထားကြောင်းသိရသည်။ e-telegram prepaid ကဒ်ရှိသူမှ အဆိုပါကဒ်မရှိသူအား ကြေးနန်းပေးပို့လိုပါက မိမိကြေးနန်း ပေးပို့လိုသော ပုဂ္ဂိုလ်တည် နေရာမြို့နယ်ရှိ ကြေးနန်းရုံးကို ကြားခံပြီးဆောင်ရွက်နိုင်မည်ဖြစ်သည်။
အဆိုပါ e-Telegram စနစ်အား အင်တာနက် ဆက်သွယ်မှုရရှိသော ပြည်နယ်နှင့် တိုင်းအသီးသီးရှိ မြို့နယ် ၈၉ ခုတွင်ဆောင်ရွက်နိုင်ပြီဖြစ်ပြီး e-Telegram prepaid ကတ်စနစ်ကို အသုံးပြုခြင်းဖြင့် ပြည်တွင်းပြည်ပ ကြေးနန်းပေး ပို့သည့် လုပ်ငန်းများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ကုမ္ပဏီများမှ အခမ်းအနားဖိတ်စာများ၊ Marketing Letter များ၊ Share Holder များထံပေးစာများအား ဖိတ်စာ Template များတည်ဆောက်ကာ အချက်အလက်များ ဖြည့်ဆည်းပေး၍ အွန်လိုင်းမှတစ်ဆင့် အချိန်မီပေးပို့သော Electronic Invitation လုပ်ငန်းများကိုလည်း မကြာမီတိုးချဲ့ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

Source:http://www.myanmarinternetjournal.com/
Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: