Personal tools
You are here: Home ဆောင်းပါး ၂၀၁၁ အတွက် အခမဲ့ အသုံးပြုနိုင်မည့် ထိပ်တန်း Antivirus ငါးမျိုး
Navigation
Log in


Forgot your password?
 
Document Actions

၂၀၁၁ အတွက် အခမဲ့ အသုံးပြုနိုင်မည့် ထိပ်တန်း Antivirus ငါးမျိုး

by michael last modified 2011-05-10 15:27

၂၀၁၁ အတွက် အခမဲ့အသုံးပြုနိုင်မယ့် ထိပ်တန်း Antivirus ငါးမျိုးကို ရွေးချယ်ဖော်ပြပေး လိုက်ပါတယ်။ ၎င်း Antivirus ငါးမျိုးအနက် Avast Free Antivirus 5 ကတော့ ရင်းနှီးကျွမ်းဝင်လွယ်တဲ့ Interface နဲ့အတူ ကာကွယ်မှုစနစ်တွေ အထူးကောင်းမွန်တာ ကြောင့် ထိပ်ဆုံးမှာ ရပ်တည် လျက်ရှိပါတယ်။ Malware detection နဲ့ removal စနစ်ကောင်းမွန်တဲ့ Avira AntiVir Personal Free Antivirus 10 ကတော့ ဒုတိယအဆင့် မှာ ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။



Avast Free Antivirus 5

အားသာချက် - User Interface ဖွဲ့စည်းထားပုံက ကောင်းမွန်ပြည့်စုံသလို Scan Speed လည်း အလွန်လျှင်မြန်တာကို တွေ့ရပါတယ်။

အားနည်းချက် - တစ်ချို့သော Detection တွေကိုတော့ သာမန်မျှသာ လုပ်ဆောင်နိုင် တာကို တွေ့ရပါတယ်။

သုံးသပ်ချက် - Avast Free Antivirus 5 ဟာ malware တွေကို တားဆီးပေးနိုင်ပြီး ရင်းနှီးကျွမ်းဝင်လွယ်တဲ့ Interface ပါရှိတဲ့အပြင် ဖိုင်တွေကို Scan ပြုလုပ်နိုင်နှုန်း အလွန်လျှင်မြန်တာကြောင့် ထိပ်တန်းစာရင်းဝင် antivirus တစ်မျိုးဖြစ်ပါတယ်။

အလွယ်တကူ install ပြုလုပ်နိုင်သလို အသုံးပြုရတာလည်း အလွန်လွယ်ကူတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် malware တွေကိုတော့ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ထောက်လှမ်းပေးနိုင်ခြင်းမရှိပါဘူး။

Scan Speed အလွန်ကောင်းမွန်ပြီး မိနစ် ၉၀ ခန့်အတွင်းမှာ အချက်အလက်ပမာဏ 4.5 GB လောက်ကို Scan ပြုလုပ်ပေးနိုင်တာ တွေ့ရပါတယ်။ ကွန်ပျူတာရဲ့ လုပ်ဆောင်ချက် တွေကိုလည်း နှေးကွေးမှုမရှိစေဘဲ အသုံးပြုနိုင်တဲ့ antivirus ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။

Avira AntiVir Personal Free Antivirus 10

အားသာချက် - ဖိုင်အရွယ်အစား သေးငယ်ပြီး Install ပြုလုပ်ရတာလည်း အလွန်လျင်မြန်ပါတယ်။ Malware တွေကို ကာကွယ်နိုင်မှုစနစ် အလွန်ကောင်းမွန် ပါတယ်။

အားနည်းချက် - Malware detection အလွန်ကောင်းမွန်ပေမယ့် removal ပြုလုပ် ရာမှာတော့ အားနည်းတာကို တွေ့ရပါတယ်။ Disinfect ပြုလုပ်ရာမှာ ဖိုင်အချို့ကို ပျက်စီးသွားစေနိုင်ပြီး Rootkit တွေကိုလည်း ဖယ်ရှားပေးနိုင်ခြင်း မရှိပါဘူး။

သုံးသပ်ချက် - Avira AntiVir Personal Free Antivirus 10 ဟာ malware တွေကို ဖယ်ရှားရာမှာ အလွန်ကောင်းမွန်တဲ့ antivirus ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။

ဖိုင်အရွယ်အစားအလွန်သေးငယ်ပြီး malware တွေ ဝင်ရောက်လာမှုကို တားမြစ်ခြင်း ထက် ရှင်းလင်းခြင်းကို ပိုမိုစွမ်းဆောင်နိုင်တာကို တွေ့ရပါတယ်။ တစ်ကိုယ်ရေ အသုံးပြုမှု အတွက်သာ အခမဲ့ အသုံးပြုနိုင်တဲ့ personal antivirus ဆော့ဖ်ဝဲဖြစ်ပါတယ်။

Panda Cloud Antivirus 1.0

အားသာချက် - Malware detection စနစ်အထူးကောင်းမွန်ပြီး အသုံးပြု ရတာလည်း လွယ်ကူတဲ့ antivirus ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။

အားနည်းချက် - Scan Speed က နှေးကွေးပါတယ်။

သုံးသပ်ချက် - Panda Cloud Antivirus 1.0 ဟာ အခမဲ့အသုံးပြုနိုင်တဲ့ antivirus တစ်မျိုးဖြစ်ပြီး Scan Speed နှေးကွေးပေမယ့် malware detection ကတော့ အလွန် ကောင်းမွန်တာကို တွေ့ရပါတယ်။

Installation နဲ့ Setup ကို လွယ်ကူစွာ ပြုလုပ်နိုင်ပြီး Cloud Antivirus ကိုစတင်ဖွင့်လိုက် တာနဲ့ တစ်ပြိုင်နက် ကွန်ပျူတာရဲ့ protection status ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ အီးမေးလ်တွေက malware attack တွေကို တားမြစ်ပေးထားရုံသာမကဘဲ Registry key တွေကိုပါ ရှင်းလင်းပေးမှာ ဖြစ်ပါတယ်။

ကွန်ပျူတာလုပ်ဆောင်ချက်တွေကိုတော့ နှေးကွေးစေပါတယ်။

Microsoft Security Essentials 1.0

အားသာချက် - User Interface အထူး ကောင်းမွန်ပါတယ်။

အားနည်းချက် - Malware တွေကို Detection ပြုလုပ်နိုင်စွမ်းက သာမန်မျှ သာရှိကာ Scan ပြုလုပ်နှုန်းလည်း အလွန်နှေးကွေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။

သုံးသပ်ချက် - Microsoft Security Essentials 1.0 ဟာ အသုံးပြုရ အလွန် လွယ်ကူပေမယ့် malware တွေကို detect လုပ်နိုင်စွမ်း အလွန်အားနည်းပါတယ်။

ဗိုင်းရပ်စ်တွေကို ရှင်းလင်းနိုင်မှုကောင်းမွန်သလို အသုံးပြုရတာလည်း လွယ်ကူပေမယ့် Scan Speed ကတော့ အလွန်နှေးကွေးပါတယ်။

Install ပြုလုပ်ရတာ အလွန်လွယ်ကူပြီး main screen မှာဆိုရင် Home, Update, History နဲ့ Settings ဆိုပြီး tab လေးခုခွဲကာ ဖော်ပြပေးထားပါတယ်။

ကွန်ပျူတာကို ဗိုင်းရပ်စ် ဝင်ရောက်လာတဲ့အခါမှာ တွေအားလုံးကို အချိန်နှင့် တပြေးညီ ထောက်လှမ်းဖယ်ရှား ပေးနိုင်ပါတယ်။

Scan Speed နှေးကွေးပေမယ့် ကွန်ပျူတာလုပ်ဆောင်ချက်တွေကို နှေးကွေးမှုမရှိစေဘဲ အသုံးပြုနိုင်စေမယ့် antivirus ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

Comodo Internet Security Premium 5.0

အားသာချက် - Malware အသစ်တွေကို တားမြစ်ပေးနိုင်မှာဖြစ်ပြီး firewall လည်း ထည့်သွင်း ပေးထားပါတယ်။

အားနည်းချက် - Malware detection စနစ်က တစ်သမတ်တည်း မရှိပါဘူး။

သုံးသပ်ချက် - Comodo Internet Security Premium 5.0 ဟာ malware အသစ် တွေကို တားမြစ်ပေးနိုင်သလို firewall လည်း ပါရှိပါတယ်။

ဆော့ဖ်ဝဲရေးဆွဲထားပုံကောင်းမွန်ပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။ Malware အသစ်တွေကို တားမြစ်ရာမှာ အထူးကောင်းမွန်ကာ အချိန်နှင့်တပြေးညီ malware တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

ကွန်ပျူတာ လုပ်ဆောင်ချက်တွေကို အနည်းငယ်နှေးကွေးစေပေမယ့် malware အသစ် တွေကို အပြည့်အဝကာကွယ်ပေးနိုင်တာကြောင့် ထိပ်တန်း antivirus ဆော့ဖ်ဝဲတွေထဲမှာ ပါဝင်လာခြင်း ဖြစ်ပါတယ်။

Ref : Internet

 
Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: