Personal tools
You are here: Home ဆောင်းပါး Cryptography ရဲ့ အဓိပ္ပာယ်
Navigation
Log in


Forgot your password?
 
Document Actions

Cryptography ရဲ့ အဓိပ္ပာယ်

by michael last modified 2011-05-10 19:57

သတင်း အချက်အလက်လုံခြုံရေး သိပ္ပံပညာကို ခေါ်ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ ဂရိစကားလုံးဖြစ်ပါတယ်။ ဂရိစကားလုံး kryptos ကဆင်းသက်လာတဲ့ ဝေါဟာရဖြစ်ပြီး၊ ထိန်ချန်ထားသော အဓိပ္ပာယ်ရပါတယ်။

cryptography ဟာ cryptology နဲ့cryptanalysis စတဲ့ ဘာသာရပ်တွေနဲ့ နီးကပ်စွာ ဆက်စပ်လျက် ရှိပါတယ်။ cryptography မှာစာသားနဲ့ ရုပ်ပုံတွေပေါ်စေတဲ့ microdots နည်းပညာနဲ့ သတင်းအချက်အလက်တွေကို storage ပြုလုပ်ပြီးတော့ဖြစ်စေ၊ လွှဲပြောင်းပြီးတော့ဖြစ်စေ၊ ခြေရာ ဖျောက်နိုင်တဲ့နည်းလမ်းတွေ ပါဝင်ပါတယ်။

ကွန်ပျူတာ နည်းပညာကို အဓိကသုံးစွဲလာတဲ့ ဒီနေ့ခေတ်မှာ cryptography နည်းပညာဟာ ပုံမှန်စာသား plaintext တွေကို ciphertext အဖြစ်ပြောင်းလဲစေတဲ့ (encryption) ခေါ် အချက်အလက် လုံခြုံရေးလုပ်ဆောင်ချက် ဖြစ်စဉ်နဲ့ ဆက်နွယ်နေတက်ပါတယ်။ ciphertext အဖြစ်ကနေ plaintext အဖြစ်ပြန်ပြောင်းတာကိုတော့ decryption လို့ခေါ်ပါတယ်။
Cryptography ရဲ့အဓိက အားသာချက် (၄) ရပ်ကတော့
၁။ Confidentiality
သတင်းအချက်အလက်ကိုမသက်ဆိုင်သူ၊မရည်ညွှန်းခံရသူတွေနားမလည်နိုင်ခြင်း။
၂။ Integrity
သတင်း အချက်အလက်ကို ပေးဖို့သူနဲ့ ရည်ရွယ်ထားတဲ့ လက်ခံသူအကြားမှာ storage ပြုလုပ်မှု၊ transit ပြုလုပ်မှုတွေကို ၀င်ရောက်ပြုပြင်တာမျိုးတွေကို ထောက်လှမ်း စူးစမ်းနိုင်ခြင်း။
၃။ Non-repudiation
သတင်းအချက်အလက်ကို ပေးပို့တဲ့သူဟာ ယင်း သတင်း အချက်အလက် ကိုဖန်တီးခြင်း၊ ပြုပြင် ပြောင်းလဲခြင်းတွေ ပြုလုပ်ပြီးနောက်ထပ် အဆင့်တစ်ရပ်ကို ရောက်ရှိချိန်မှာ သူရဲ့ ရည်ရွယ်ချက်ကို ငြင်းဆိုမှုမပြုနိုင်ခြင်း။
၎။ Authentication
သတင်းအချက်အလက် ပေးပို့သူနဲ့ လက်ခံသူတို့ ဟာ ၎င်းတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကိုယ်စီကိုယ်ငှ အတည်ပြုနိုင်ပြီး၊ သတင်းအချက်အလက်ရဲ့ ဇစ်မြစ်ကိုလည်း အတည်ပြုနိုင်ခြင်း အစရှိတာတွေပါဝင်ပါတယ်။

အထက်ဖော်ပြပါ စံသတ်မှတ်ချက် တွေအားလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းနဲ့ ကိုက်ညီတဲ့ protocol တွေနဲ့ procedure တွေကို cryptosystem တွေလို့ခေါ်ဆိုပါတယ်။
Cryptosystem တွေဟာ အများနားလည်သလို သင်္ချာလုပ်ထုံး လုပ်နည်းတွေ၊ ကွန်ပျူတာ ပရိုဂရမ်တွေမျှသာ မဟုတ်ပါဘူး။ ၎င်းတို့မှာမှန်းဆရခက်တဲ့ password တွေရွေးချယ်ရခြင်း၊ အသုံးမပြုတဲ့ system တွေကို log-off ပြုလုပ်ခြင်း၊ အရေးကြီးတဲ့ procedure တွေကို မသက်ဆိုင်သူတွေနဲ့ မဆွေးနွေးခြင်း စတဲ့လူသားတစ်ဦးရဲ့ လုပ်ဆောင်ချက်တွေကို လည်းဆောင်ရွက်ပေးပါတယ်။ (ဆရာမ မေးလ်မှ ပို့ပေးတာကို ပြန်လည် တင်ပြပေးချင်ဖြစ်ပါတယ်။ )
Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: