Personal tools
You are here: Home ဆောင်းပါး အင်တာနက် စီစစ်ခြင်းအား ကျော်လွှားခြင်း
Navigation
Log in


Forgot your password?
 
Document Actions

အင်တာနက် စီစစ်ခြင်းအား ကျော်လွှားခြင်း

by michael last modified 2011-03-24 12:42

အင်တာနက် ပိတ်ပင်စီစစ်ခြင်းအား ကျော်လွှားရန် နည်းလမ်းပေါင်းများစွာရှိပါသည်။

Software များအသုံးပြုခြင်းမှအစ ဝက်ဘ်ဆိုက်များခံ၍ သုံးသည်အထိရှိသည်။ ၄င်းနည်းလမ်းတို့အား circumvention (ပိတ်ဆို့မှုကျော်လွှားခြင်း) ဟုခေါ်ပါသည်။ ၄င်းနည်းလမ်းတို့မှာ အလွန်လွယ်ကူသော နည်းလမ်းများမှစ၍ ခက်ခဲရှုပ်ထွေးသော နည်းလမ်းများအထိပါဝင်သည်။ ဥပမာအားဖြင့် ပိတ်ထားသော ဆိုက်တခုကို Search Engine မှ cache စာမျက်နှာဖွင့်ကြည့်ရုံနဲ့တင် ဖတ်ရှူနိုင်ပါသည်။ Circumvention အတွက်ပံ့ပိုးကြသူများ အင်တာနက် စီစစ်ခြင်းအား ကျော်လွှားနိုင်ရန် ထောက်ပံ့ပေးသူများတွင် လူတစ်ဦးချင်းစီ သို့မဟုတ် အဖွဲ့အစည်း တခုချင်းအလိုက် ထောက်ပံ့မှုများကို တွေ့နိုင်သည်။ အဖိုးအခဖြင့် circumvention ဝန်ဆောင်မှုပေးသော အဖွဲ့များမှစ၍ အခမဲ့ ဝန်ဆောင်မှုပေးသော လူတစ်ဦးချင်း၊ အဖွဲ့အစည်း တခုချင်းထိပါဝင်ကြပါသည်။ Circumvention အတွက် ထောက်ပံ့ပေးသူများသည် အင်တာနက် ပိတ်ပင်ခြင်းမရှိသော နေရာများတွင်ရှိသော ကွန်ပျူတာများတွင် ကျော်လွှားခြင်း software များထည့်သွင်းကာ အင်တာနက် လွတ်လပ်မှုမရှိသော နေရာမှ ကွန်ပျူတာများသို့ ချိတ်ဆက်ပေးကြသည်။ Circumvention အသုံးပြုသူများ အင်တာနက် ပိတ်စို့စီစစ်မှု ရှိသောနေရာမှ လူတစ်ဦးချင်းစီ သို့မဟုတ် အဖွဲ့အစည်းတခု တို့ဖြစ်ကြသည်။ ၄င်းတို့သည် အင်တာနက် စီစစ်ထားသောနေရာများမှ အချက်အလက်များ ပေးပို့ရာတွင် အသုံးပြုရပါသည်။ အင်တာနက် အသုံးပြုသူများသည် မိမိကိုယ်ရေး ကိုယ်တာ အချက်အလက်များ လုံခြုံမှုရှိစေလိုကြသည်။ အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးချင်ကြသည်။ သို့သော် သက်ဆိုင်ရာ (မိဘ၊ အလုပ်ရှင်၊ copyright၊ ဥပဒေ၊ ဆင်ဆာဖြတ်မှု စသည်တို့) အတားအစီးများနှင့် တွေ့ကြုံသောအခါ ကျော်ဖြတ်ရန် Circumvention tools ကို အသုံးပြုကြသည်။
Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: