Personal tools
You are here: Home ဆောင်းပါး Data Backup ဘယ်လိုလုပ်မလဲ
Navigation
Log in


Forgot your password?
 
Document Actions

Data Backup ဘယ်လိုလုပ်မလဲ

by michael last modified 2011-03-24 11:15

ကိုယ့်ရဲ့အရေးကြီး အချက်အလက်တွေကို မပျောက် မပျက်စီးရအောင် မိတ္တူပွား သိမ်းတဲ့ အလေ့အကျင့်ရှိရင် ကောင်းတယ်။

ခရီးသွားတဲ့ခါဖြစ်ဖြစ် အလွယ်တကူ ယူသွားလို့လည်းရတယ်။ ပျောက်ဆုံးတာဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် ပျက်စီးရှုံးဆုံး တဲ့အခါမှာ အရန်သင့် သုံးလို့ရတာပေါ့။

ကိုယ်ပိုင်ကွန်ပျူတာ သုံးတာဖြစ်ဖြစ်၊ အများသုံး ကွန်ပျူတာကို သုံးပြီး အလုပ်လုပ်တာဖြစ်ဖြစ်၊ ကိုယ့် data တွေ မပျောက်ဖို့နဲ့ လုံခြုံမှုရှိဖို့က အမြဲတမ်း လိုအပ်ပါတယ်။ Window OS ကို အသုံးပြုတာ ဆိုရင်တော့ backup utility သုံးလို့ရပါတယ်။ ကိုယ့်ကွန်ပျူတာထဲမှာ အဲဒါမရှိသေးဘူး ဆိုရင်တော့ Windows CD ထဲကနေ Perform Additional Tasks ကိုနှိပ်ပြီး Value ADD folder ထဲက msft ပြီးတော့ N+backup ကိုနှိပ် ပြီး install လုပ်ရပါတယ်။

Backup ကို setting လုပ်ရပါမယ်၊ ဘာဖိုင်တွေကို ဘယ်နေရာမှာ ဘယ်နေ့ ဘယ်အချိန်မှာ မိတ္တူပွား သိမ်းရမယ်ဆိုတာ သတ်မှတ်ထားဖို့လိုပါတယ်။

Start/All Program/Accessories/System Tools/Backup ဒီကနေ setting လုပ်လို့ရပါတယ်။ အကောင်းဆုံး သိမ်းမယ့် နေရာကတော့ အခု ကိုယ်သုံးတဲ့ Partition နှင့်မတူဘဲ တခြား Hard disk (သို့) Partition မှာ သိမ်းထားတာ အကောင်းဆုံးပါ။ ကိုယ့် system ကပြန်ဖွင့်လို့ မရတော့ဘူး။

Window OS မတက်တော့ဘူး Windows Partition ကို format ချရရင် အဲဒီထဲမှာရှိတဲ့ အချက်အလက်တွေ အားလုံး ရှုံးဆုံး သွားမှာဖြစ်ပါတယ်။

ကိုယ် backup လုပ်မယ့် ဖိုင်တွေရဲ့ အရွယ်အစားနှင့် ကိုယ့်မှာရှိတဲ့ Space အလွတ်ကိုလည်း ချိန်ဖို့လိုပါတယ်။ တကယ်လို့ free space များများ မရှိဘူးဆိုရင်တော့ CD/DVD နှင့် ပုံမှန်ထည့်ရပါမယ်။

ကိုယ်ကိုယ်တိုင်က backup လုပ်နိုင်ရင်တော့ လိုအပ်တဲ့အချိန်မှာ လုပ်ထားလို့ရသလို ကိုယ်ကပုံမှန် မလုပ်နိုင်ရင်တော့ schedule ကနေ အချိန်သတ်မှတ်ပြီးတော့ လုပ်ခိုင်းလို့ရပါတယ်။ ကိုယ့်ရဲ့အရေးကြီးတဲ့ data တွေကို backup တော့လုပ်ထားပါရဲ့ သူများက အလွယ်တကူ ဖတ်ရွက်လို့ ရတာမျိုး မဖြစ်အောင်လည်း ကိုယ့် backup တွေကိုလဲ လုံခြုံအောင် သိမ်းထားဖို့ လိုပါတယ်။

Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: