Personal tools
You are here: Home ဆောင်းပါး Email လုံခြုံရေး ဘယ်လိုလုပ်မလဲ
Navigation
Log in


Forgot your password?
 
Document Actions

Email လုံခြုံရေး ဘယ်လိုလုပ်မလဲ

by michael last modified 2011-03-24 11:29

အကောင်းဆုံးကတော့ လုပ်ငန်းနှင့် ဆိုင်တဲ့သီးခြား email ID ကို သုံးရင် ကိုယ့်အတွက်ရော ကိုယ်နှင့် ဆက်ဆံတဲ့ သူတွေအတွက်ပါ ကောင်းတယ်။

မိသားစု ကိစ္စအတွက် သီးသန့်၊ အလုပ်အတွက်၊ online ပေါ်မှာ အရေးကြီး အဆက်အသွယ် များအတွက်၊ အစိုးရရုံး၊ ဘဏ်၊ company ဆက်စပ်တဲ့ ကိစ္စမျိုး အတွက်၊ နောက် အင်တာနက်ပေါ်မှာ အပျော်သုံးဖို့ အတွက် စသည်ဖြင့်ပေါ့လေ။ ကိုယ်လိုသလောက် ID တွေလုပ်ပြီးသုံးတာ အကောင်းဆုံးပါ။

ဒီလို email ID တွေ အများကြီးနှင့် online account တွေ အများကြီးရှိပြန်တော့ username တွေ သူ့ရဲ့ password တွေကို မှတ်မိဖို့လည်း လိုနေတယ်။ username တွေမတူသလို password တွေလည်း တစ်ခုနှင့် တစ်ခု မတူရင်တော့ ပိုကောင်းပြန်တယ်။ (လုံခြုံစိတ်ချရတဲ့ စကားဝှက် ဘယ်လိုဖန်တီးမလဲ ဆောင်းပါကို ဖတ်နိုင်ပါတယ်)သိပ်အရေးမကြီးတဲ့ account/ID တွေကို လုပ်တဲ့အခါမှာလည်း ကိုယ့်ရဲ့ အချက်အလက်တွေကို အမှန်အတိုင်း မပေးဘဲနဲ့ ကိုယ်မှတ်မိ နိုင်မယ့် အတုအယောင် တွေသာလျှင် ပေးသင့်တယ်။ (Website ပေါ်မှတ်ပုံတင်ခြင်းကို ဘယ်လို ကျော်မလဲ ဆောင်းပါးကို ဖတ်နိုင်ပါတယ်)

အင်တာနက်ကို Public domain လို့လည်း ခေါ်ကြတယ်။ အများနှင့် သက်ဆိုင်တဲ့နေရာ တစ်ခုပေါ့။ အဲဒီနေရာမှာ ကိုယ့်အချက်အလက်တွေ ရောက်သွားပြီဆိုရင် ပြန်ပိတ်လို့ မရတော့သလို့ ပြန်ပြင်လို့လည်း မရတော့ပါဘူး။ အဲဒါကြောင့် ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ မလိုအပ်ဘဲ အများလက်ထဲ မရောက်ဖို့လည်း အရေးကြီးပါတယ်။

ဒီလို email account အများကြီးကို တစ်နေရာထဲ ကနေ ဖတ်တာ စာရေးတာ လုပ်လို့ရပါတယ်။ Master email account ဘယ်လိုသုံးမလဲ ခေါင်းစဉ်နှင့် ဆောင်းပါးကို ဖတ်နိုင်ပါတယ်။

Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: