Personal tools
You are here: Home ဆောင်းပါး Gmail Filter အသုံးပြုနည်း
Navigation
Log in


Forgot your password?
 
Document Actions

Gmail Filter အသုံးပြုနည်း

by michael last modified 2011-03-24 10:43

Gmail နှင့် googelmail ကတော့ အတူတူဖြစ်တယ်။ ကိုယ့် ID ပြုလုပ်တဲ့ နေရာဒေသ နှင့်ဆိုင်ပြီး ကွဲသွားတာပါ။

Gmail မှာရှိတဲ့ filter ကတော့ ကိုယ်ကြိုက်သလို လုပ်လို့ရတဲ့ နေရာပါ။ သူငယ်ချင်းဆီက လာတဲ့စာတွေကို သူငယ်ချင်း နာမည်နဲ့ ညာဘက်မှာ label နဲ့ထားလို့ရသလို ချက်ချင်း ဖျက်ပစ်ချင်တဲ့ စာတွေကိုလည်း ဖျက်ပေးနိုင်တယ်။ သူများတွေဆီကို ချက်ချင်း forward လုပ်ချင်လည်းရသလို၊ အရေးကြီးတဲ့ စာတွေကို သတ်သတ် စုစည်း လို့လည်းရတယ်။ တစ်နေရာရာမှာ သိမ်းထားချင်တဲ့ စာတွေကိုလည်း သိမ်းခိုင်းလို့ရတယ်။ ကိုယ်ရှာချင်တဲ့ စာဟောင်းတွေကိုလည်း အသိအကျနှင့် ပြန်ရှာလို့ရပါတယ်။

filter လုပ်တော့မယ်ဆိုရင် ကိုယ့် gmail ထဲကိုဝင် အပေါ်ဘက် အလယ်မှာရှိတဲ့ create filter ကနေပဲသွားသွား၊ အပေါ်ညာ ထောင့်နားမှာ ရှိတဲ့ mail setting ကတစ်ဆင့် filter ကိုသွား Filter menu အောက်ဆုံးက create a new filter ကနေလည်းသွား လို့ရတယ်။

filter လုပ်တဲ့နေရာမှာ ရွေးစရာ နည်းလမ်း ၆ မျိုးပါပါတယ်။ ကိုယ့်ဆီကို စာပို့တဲ့လိပ်စာနှင့် လုပ်ချင်ရင်တော့ from၊ ပို့ခံရသူလိပ်စာနှင့် ဆိုရင် To မှာ အေးမေလ်း လိပ်စာရေးမယ်၊ subject မှာပါတဲ့ အကြောင်းအရာနှင့်ဆိုရင် subject မှာရေး၊ ဘယ်မှာ ပါမှန်းမသိဘူး email စာထဲမှာပါတဲ့ စကားစုနှင့် filter လုပ်ချင်တယ်ဆိုရင် Has the words မှာရေး၊ မပါတဲ့စကားစုနှင့် စာတွေ filter လုပ်ချင်ရင် doesn’t have မှာ ထည့်ရေးပြီးတော့ attachment ပါတာတွေကို ရှာခိုင်းချင်ရင်တော့ has attachment ပေါ့။

Test search နှင့်အရင် အစမ်းရှာခိုင်း ကြည့်လို့ရတယ် သေချာပြီးဆိုရင်တော့ next step ပေါ့။

ရွေးစရာ ၈ ခု ထပ်ပေါ်လာပါတယ်။ ခုနက ကိုယ် filter လုပ်လိုက်တဲ့ ဟာတွေကို ဘယ်လို ဆက်လုပ်ခိုင်း မလဲပေါ့။ skip the inbox ကိုရွေးရင် ရောက်လာတဲ့စာကို filter နှင့် ကိုယ်လုပ်ခိုင်းတာတွေ လုပ်ပြီးပြီဆိုရင် inbox ထဲကနေ ဖယ်ထားလိုက်မှာ archive လုပ်လိုက်မှာ၊၊ mark as read ဟာ စာတွေကို ဖတ်ထားပြီးသား စာတွေလို လုပ်ပစ်လိုက်မှာပါ။ star it ဆိုရင် ကြယ်လေးနှင့် အရေးကြီးပုံစံ လုပ်ပေးမှာ။ Apply the lable ဆိုရင် lable တပ်ပေးမယ် ကြိုက်တဲ့ lable ဖန်တွးလို့ရတယ်။ ပြီးတော့ forward it ကိုရွေးရင်တော့ အဲဒီမှာ ကိုယ်ပေးတဲ့ လိပ်စာမှာ တစ်ဆင့်ပို့ပေးမယ်။ forward ပို့ပေးမယ့် လိပ်စာ မရှိသေးရင်တော့ manage your forwarding addresses မှာ လုပ်လို့ရတယ်။ Delete it ကိုရွေးရင်တော့ filter မှာ လုပ်ခိုင်းတာတွေ ရောက်ရင်ရောက်ချင်း ချက်ချင်း ဖျက်ပစ်လိုက်မှာ (spam mail တွေလိုဟာမျိုး ဖျက်ပေးနိုင်တယ်)။ Never send it to spam ကို ရွေးရင် ဘယ်တော့မှ spam mail အဖြစ် မသတ်မှတ် လိုက်ပါနှင့် လို့ပြောတာပါ။ နောက်ဆုံး Also apply ကိုရွေးရင် ကိုယ့် email account ထဲမှာ ရှိပြီးသားတွေပါ အကျိုးသက်ရောက်သွားမှာ ဖြစ်တယ်။ ပြီးရင်တော့ Create filter ပေါ့။

Filter တွေ ကြိုက်သလောက် ဖန်တီးလို့ရပါတယ်။ မနှစ်သက်တော့ဘူး ဆိုရင်လည်း ပြန်ဖျက်လို့ရတယ်။ ပြင်ချင်ရင်လည်း ပြန်ပြင်လို့ရပါတယ်။

Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: