ဧည့်သုံးကွန်ပျူတာ လုံခြုံရေး
ကိုယ့်ရဲ့ကွန်ပျူတာ(သို့) ကိုယ့်ရုံး ကွန်ယက်နှင့် ချိတ်ဆက်ထားတဲ့ ကွန်ပျူတာကို တခြား ပြင်ပကနေလာတဲ့ ပုဂ္ဂိုလ်တွေကို အသုံးပြုခွင့် ပေးတော့မယ်ဆိုရင်
မဖြစ်သင့်တာတွေ မဖြစ်ရလေအောင် ကြိုတင် ပြင်ဆင်သင့်တဲ့ အရာများကတော့ အဲဒီပုဂ္ဂိုလ်ဟာ ဘာအတွက်ကြောင့် လာသုံးတာလဲဆိုတာ ခိုင်လုံမှု အကျိုးအကြောင်း တစ်ခုခုတော့ သိထားရင် ပိုကောင်းပါတယ်။
စာရိုက်ရုံသက်သက်လား၊ email ပို့မှာလား၊ အင်တာနက်ကနေ အချက်အလက်တွေကို ရှာချင်တာလား၊ ကိုယ့်ရဲ့အလုပ်နဲ့ ဘယ်လောက် ပတ်သက်မှု ရှိနိုင်သလဲ ဆိုတာပါ သတိပြုဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ကွန်ပျူတာ IP လိပ်စာတွေကို သိချင်လို့ဖြစ်နိုင်သလို အဲဒီကွန်ယက်ချိတ် ကွန်ပျူတာမှာ virus တွေထည့်တာမျိုး၊ spyware ခေါ် ထောက်လမ်းရေး software ပိုးကောင်တွေ ထည့်တာမျိုး၊ အချက်အလက်တွေကို ကြည့်ချင်လို့၊ လိုချင်လို့ ဖြစ်နိုင်သလို ကိုယ့်ကို ဂွင်ဆင် ဖမ်းလို့ရအောင် အချက်အလက်တွေကို လာထည့်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဘယ်သူပဲဖြစ်ဖြစ် ဘာအတွက် လာသုံးတာပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဘက် လုံခြုံရေးနှင့် လွတ်လပ်မှုကို ကာကွယ် ထိန်းသိမ်းနိုင်ရန်
- ဧည့်သုံး ကွန်ပျူတာ တည်းသန့် သတ်မှတ်ပေးထား နိုင်ရင်ကောင်းတယ်
- အဲဒီ ကွန်ပျူတာကို ကန့်သတ်ဖြင့်သာ သုံးလို့ရအောင်လုပ်ထားသင့်တယ် (None admin level access)
- Anti-virus တွေ update ပုံမှန်လုပ်ထားသင့်တယ်
- အရေးကြီးကွန်ပျူတာ (သို့) ဖိုင်တွေကို ရုံးကွန်ယက်ထဲမှာ ကော်ပီကူးထားတာမျိုး၊ share လုပ်ထားတာမျိုး မရှိဖို့ အရေးကြီးပါတယ်။
- ဧည့်သည်က software တွေကို ထည့်သွင်းချင်တယ်ဆိုရင် ခွင့်ပြုနိုင်ဖို့အတွက် အဲဒီကွန်ပျူတာ မှာ Deep freeze လိုဟာမျိုး ထည့်ထားသင့်တယ်။ (Deep freeze ဟာ စက်ပိတ်လိုက်တာနှင့် နဂို setting အတိုင်း ပြန်ထား ထားပေးပါတယ်)
- ကိုယ့်ရဲ့ modem/Router password တွေကိုလည်း Dafault(သို့) လွယ်လွယ်မှတ်မိနိုင်တဲ့ ဟာမျိုး မဖြစ်ဖို့လည်း လိုပါတယ်
- အဲဒီ ကွန်ပျူတာမှာ user name နှင့် password တွေ auto သိမ်းထား တာမျိုး မရှိဖို့လည်း လိုပါတယ်
- ရုံးနှင့်သက်ဆိုင်တဲ့ စည်းကမ်းလည်းရှိသင့်ပြီး ဧည့်သည်ကိုလည်း ရှင်းပြထားသင့်တယ်
- မြင်သာတဲ့ နေရာမှာ သတိပေး လမ်းညွှန်ချက် များကိုလည်း ရေးထားသင့်တယ်
- ကိုယ့်ရဲ့ IP လိပ်စာဖွက်ထားလို့ မရဘူးဆိုတော့၊ ဧည့်သည်ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်သင့်တယ်
- ဧည့်သည်ဟာ ဘယ်သူဖြစ်တယ်၊ ဘယ်မှာနေတယ်၊ ဘာလုပ်တယ်ဆိုတဲ့ အချက်အလက် တွေကိုလည်း ယူသင့်တယ်
- ဧည့်သည်သုံး ကွန်ပျူတာသုံးစွဲခွင့် သဘောတူ လက်မှတ်ထိုးရတဲ့ စာအုပ်မျိုးလည်း ထားပေးသင့်တယ်
- သုံးစွဲသည့်နေ့ရက် အချိန်တွေကိုလည်း မှတ်ထားသင့်ပါတယ်