Personal tools
You are here: Home ဆောင်းပါး လုံခြုံစိတ်ချရတဲ့ စကားဝှက် ဘယ်လိုဖန်တီးမလဲ
Navigation
Log in


Forgot your password?
 
Document Actions

လုံခြုံစိတ်ချရတဲ့ စကားဝှက် ဘယ်လိုဖန်တီးမလဲ

by michael last modified 2011-03-24 10:14

ယနေ့ အင်တာနက်ခေတ်မှာ အစစအရာရာဟာ ကွန်ပျူတာနှင့်အင်တာနက်ပေါ်က တစ်ဆင့် ဆက်ဆံ ကြရတာဆိုတော့

လုံခြုံစိတ်ချရတဲ့ စကားဝှက်နဲ့ ကိုယ့်ရဲ့ data တွေ၊ online account တွေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ စကားဝှက်ကလည်း ဖော်နိုင်တဲ့ စက်တွေ၊ softwareတွေ ရှိနေပြန်တော့ ကိုယ့်ရဲ့ စကားဝှက်တွေဟာ ဖော်ရခက်အောင် လုံခြုံမှု အားကောင်းတဲ့ စာကားဝှက်တွေ ရွေးထားဖို့လိုပြန်တယ်။

account တွေ အားလုံး စကားဝှက် တစ်ခုထဲ မသုံးသင့်သလို လိုအပ်တိုင်း စကားဝှက်တွေ ပြောင်းဖို့လည်း လိုပါတယ်။ လုံခြုံမှု အားကောင်းတဲ့ စကားဝှက် ရွေးတဲ့အခါမှာ အဘိဓာန်ထဲက စကားလုံး မဖြစ်ဖို့လိုပါတယ်။ အက္ခရာတွေနဲ့ ဂဏန်းတွေ ရောယှက် တဲ့ဟာဆိုရင် ပိုကောင်းပါတယ်။

ကိုယ်ကလည်း မှတ်မိနေဖို့ လိုပါသေးတယ်။ ကိုယ်နှစ်သက်တဲ့ ကဗျာ၊ အဆုံးအမတွေ၊ ဆိုးရိုးစကားတွေ ဖြစ်ဖြစ် ကိန်ဂဏန်းတွေနှင့် ပေါင်းပြီး ရွေးချယ်သင့်တယ်။ ဥပမာ မြန်မာစာ အရေးကို အင်္ဂလိပ်လို ရိုက်ထည့်တာမျိုးပေါ့။ ကိုယ့်ရဲ့ ဖုန်းနံပါတ်၊ နာမည်၊ မွေးသက္ကရာဇ်တွေ ထည့်ချင်ရင်လည်း
ပြောင်းပြန်လှန်ပြီးမှ ထည့်သင့်တယ်။

ကိုယ့်ရဲ့ online account တွေ ခပ်များများ ဆိုရင်တော့ ကိုယ့်သုံးမည့် စကားဝှက်တွေ ဖန်တီးတဲ့ နေရာမှာ ကိုယ်ပိုင် စည်းမျုဉ်းထားရင် ကောင်းဆုံးပါ။

တစ်နေ့မှာ မမှတ်တော့ဘူးဆိုရင် ပြန်ဖော်ရတာ ပိုလွယ်တာပေါ့။ စကာဝှက်တွေကို ဒိုင်ယာရီ၊ မှတ်စု စာအုပ်ထဲမှာ ရေးမှတ် မထားသင့်သလို ပါးစပ်က ခဏခဏ ထုတ်ပြောတာမျိုးလည်း အဖြစ်သင့်ပါဘူး။ ဥပမာ စည်းမျဉ်းတွေက

နာမည် + မွေးသက္ကရာဇ် + account
မောင်မောင် + ၁၂. ၂၄. ၁၉၇၀ + gmail

မောင်မောင်1219g = ကို အင်္ဂလိပ်ဖောင့်နှင့် ရိုက်မယ် ဆိုရင် = armif1219g လို့ဖြစ်လာပါတယ်။

ကိုယ်နှစ်သက်တဲ့ စာကြောင်းထဲက အစတွေ ယူတာမျိုး သို့မဟုတ် အတိုကောက်ကို နံပါတ်တွေနှင့် ပေါင်းစပ်တာမျိုး ဖြစ်ဖြစ် ကိုယ်ပိုင် စည်းမျဉ်း တစ်ခုနှင့် ကိုယ့်စကားဝှက်တွေ တစ်ခုနှင့်တခု မတူအောင် ပြီးတော့ မှတ်မိလွယ်အောင် လုပ်လို့ရပါတယ်။

Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: