Personal tools
You are here: Home ဆောင်းပါး Master Email account ဘယ်လိုသုံးမလဲ
Navigation
Log in


Forgot your password?
 
Document Actions

Master Email account ဘယ်လိုသုံးမလဲ

by michael last modified 2011-03-24 12:18

ဒီလို email ကို ဆိုင်ရာဆိုင်ရာအတွက် (Email လုံခြုံရေး ဘယ်လိုလုပ်မလဲ ဆောင်းပါးကို ဖတ်နိုင်ပါတယ်) သုံးဖို့ account တွေ အများကြီး လုပ်ထားတော့ အင်တာနက်ဆိုင်တွေမှာ email check တဲ့ အခါမှာ

အချိန်တွေ အများကြီးကုန်နိုင်ပါတယ်။ တစ်ခုဝင်လိုက် ဖတ်လိုက် ထွက်လိုက်နှင့်ပေါ့။ ဒီလို မဖြစ်ရလေအောင် master email account တစ်ခု ထားပြီးတော့ တစ်နေရာထဲကနေ ကိုယ့်ရဲ့ email account တွေ အားလုံးကို ဖတ်တာ၊ စာပြန်ရေးတာ ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

ကိုယ့်ရဲ့ Master email account ထဲကနေ Mail Setting/Accounts and Import/Check mail using POP3/Add POP3 Email Account ကနေ ကိုယ်ကြည့်ချင်တဲ့ email ID တစ်ခုချင်း ထည့်ရပါမယ်။ အဲဒီမှာ username ရယ် password ရယ် ထည့်ပြီး Always use SSL ရယ် Lable incoming message ရယ် Archive incoming message ရယ်ကို ရွေးချင်ရင် ရွေးလို့ရတယ်။ တစ်ခြား web browser ကနေပြီးတော့ ဒီ Master account မှာ ထည့်မယ့် email ID (slave acccount) ထဲကိုဝင်ပြီးတော့ mail setting/forwarding and POP/IMAP အောက်က POP download မှာ enable ဆိုတဲ့ ရွေးချယ်စရာ တစ်ခုခုကို ရွေးပြီး အောက်မှာ Save Changes ကို နှိပ်ရပါမယ်။ ပြီးတော့မှ Master email ID ဖွင့်ထားတဲ့ browser ကိုပြန်သွားပြီး Add account ကိုနှိပ်ရမယ်။

ရပြီဆိုရင် နောက်တဆင့်မှာ Yes... ရွေးစရာကို ရွေးပြီး send verification ကို ထပ်နှိပ်ရပါမယ်။ ဒါက နောင်ဆုံး အတည်ပြုချက် ရယူတာဖြစ်တယ်။

ခုနက slave email account ထဲကို ပြန်သွားပြီး ရောက်လာတဲ့ အတည်ပြုချက် code number ကို ယူပြီး master account မှာ ထည့်လိုက်တော့မှ ဒီလုပ်ဆောင်ချက်ဟာ အောင်မြင်မှာဖြစ်တယ်။ တကယ်အလုပ် လုပ်မလုပ်ကိုတော့ စမ်းကြည့်လိုက်ပါအုံး။ မရရင်တော့ တနေရာရာမှာ မှားတာရှိလို့ ဖြစ်မှာပါ။ မရရင် ပြန်မေးကြည့် လိုက်ပါနော်။

ဒီလိုနဲ့ slave email ID(s) ထဲမှာ ၀င်လာသမျှ email အသီးသီးဟာ Master email account ထဲမှာချက်ချင်းရောက်နေပြီး ဖတ်လို့ရပါတယ်။ ပြန်ပို့တဲ့ အခါမှာလည်း ကြိုက်တဲ့ email ID နှင့် ပြန်ပို့လို့ ရပါတယ်။ Slave email ID နှင့် Master account ထဲကနေ email စာ အသစ် ရေးဖို့ဆိုရင် Gmail ကိုသုံးတဲ့ အချိန်မှာ standard version နှင့် သုံးဖို့လိုအပ်ပါတယ်။ From ဆိုတဲ့ နေရာကနေ ဘယ် email ID နှင့် ပို့ချင်သလဲ ရွေးလို့ရတယ်လေ။

Standard version မှာ Functions တွေပိုစုံတယ် အင်တာနက် ချိတ်ဆက်မှု အမြန်နုန်းလည်း ပိုကောင်းဖို့ လိုအပ်ပါတယ်။

အဲဒါကတော့ ကိုယ့် email account အသီးသီးကို Master ID တစ်ခုထဲမှာ backup လုပ်တာဖြစ်တယ်။ အဲဒီ Master account ကိုလည်း တစ်ခြား ID သို့ ထပ်ပြီး Backup လုပ်လို့ရပါသေးတယ်။

Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: