လုံခြုံရေး လုံခြုံရေး
ယနေ့ခေတ်မှာ လုံခြုံရေးဆိုတာဟာ ပိုပြီးအရေးပါလာပါတယ်။ ကိုယ်ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဖြစ်စေ၊ အလုပ်မှာဖြစ်စေ၊ ခရီုးသွားတဲ့အခါမှာဖြစ်စေ ပိုပြီးသတိထားအပ်တဲ့ အရာဖြစ်လာပါတယ်။
လုံခြုံရေးကို ခွဲခြမ်းစိတ်ဖြာမယ်ဆိုရင် -
ကိုယ့်ဘက်က လုံခြုံရေး
တဖက်သားရဲ့ လုံခြုံရေး
ဆက်သွယ်ရေး လုံခြုံရေး
သတင်းအချက်အလက် လုံခြုံရေး
ပတ်ဝန်းကျင် လုံခြုံရေး
ကွန်ပျူတာ လုံခြုံရေး
ဆော့ဖ်ဝဲလ် လုံခြုံရေး
စသဖြင့်တွေ့နိုင်ပါတယ်။
တစ်ယောက်နှင့် တစ်ယောက် ကူးလူးဆက်ဆံနေတဲ့ အခါကျတော့ တစ်ဖက် လုံခြုံရေးနဲ့တင် မလုံလောက်တော့ဘူး။ နှစ်ဦးနှစ်ဘက်မှ လုံခြုံရေးကို ဂရုစိုက်ဖို့ လိုအပ်လာပါတယ်။ သတင်း အချက်အလက်တွေ ထိန်းသိမ်းတဲ့နေရာမှာ လုံခြုံဖို့လိုသလို ထုတ်ဖော် အသုံးပြုတဲ့နေရာတွေမှာလည်း လုံခြုံမှုရှိဖို့ လိုအပ်ပါတယ်။
Computer နဲ့တွဲသုံးရတဲ့ ebook၊ ဖိုင်တွေ ပုံတွေ၊ soft version လို့ခေါ်တဲ့ နည်းပညာပစ္စည်းတွေနှင့်
တွဲသုံးရတဲ့ အချက်အလက်တွေဟာ ထိန်းသိမ်းတဲ့နေရာမှာ TrueCrypt နှင့် လုံခြုံအောင် သိမ်းလို့ရပါတယ်။ ကိုယ့်ရဲ့ အင်တာနက် account တွေ သူ့ရဲ့ password ခေါ် စကားဝှက်တွေကို Keepass နှင့် သိမ်းနိုင်တယ်။ ကိုယ့်ရဲ့ computer ကိုတော့ password ခံနိုင်သလို ကိုယ်သုံးတဲ့ Browser ကိုလည်း Master password နှင့် သုံးနိုင်ပါတယ်။
တစ်ယောက်နှင့် တစ်ယောက် ဖုန်းထဲမှာ သတင်းတွေ ဖလှယ်တဲ့အခါမှာလည်း ကိုယ့်စကားတွေ ဘယ်သူ ကြားဖြတ် နားထောင်သလဲဆိုတာကို မသိနိုင်တဲ့အတွက် cipher ခံပြီးပြောတာ ကောင်းတယ်။ သိပ်အရေးကြီးတဲ့ စကားတွေပြောဖို့ လိုအပ်လာရင်တော့ လူလူချင်းတွေ့ပြီးမှ ပြောတာပိုကောင်းပါတယ်။ ကိုယ့်ကိုစောင့်ကြည့်သူတွေ ရှိမရှိလည်း သတိထားဖို့လိုပါတယ်။