Personal tools
You are here: Home ဆောင်းပါး Useful of Foxyproxy and IE7pro
Navigation
Log in


Forgot your password?
 
Document Actions

Useful of Foxyproxy and IE7pro

by michael last modified 2011-03-31 09:23

Foxyproxy နဲ့ IE7pro ကို အသုံးပြုပြီး browser တွေမှာ proxy တွေ ပြောင်းနိုင် ပါတယ်။ ဒီနှစ်ခုက plugin နဲ့ addon ကွာခြားနေပေမယ့် proxy တွေ ပြောင်းလည်းရာမှာ foxyproxy က firefox အတွက် IEpro က IE အတွက် သုံးစွဲပါမယ်။ tool \options \proxy setting မှာ server no. တွေ သွားပြောင်းပေးနေရတဲ့ အချိန်ကုန် အလုပ်ရှုတ် သက်သာစေတဲ့ freeware တွေပါ။


အခက်အခဲတွေကို ကျော်လွှားဖို့ Ultrasurf, Freedom, Freegate software တွေ ရယူအသုံးပြုနေသူ ဖြစ်ရပါမယ်။ အခြား proxy software တွေ ရှိသေးပေမယ့် ဒီ ဆော့ဖ်ဝဲလ်တွေလောက် အခမဲ့ အဆင်ပြေပြေ သုံးမရပါဘူး။
တစ်ခြား ခုန်ပျံ ကျော်လွှား နည်းတစ်ချို့တော့ ဒီမှာ နဲ့ ဒီမှာ ရေးခဲ့ဘူးပါတယ်။

ပထမဆုံး အထက်က proxy software(Ultrasurf) တစ်ခု ရယူပြီး ဖွင့်ထားလိုက်ပါ။

Foxy proxy for Firefox

Firefox မှာ Foxyproxy ကို download&install ပြီးရင် restart လုပ်လိုက်ပါ။ Tor proxy ကိုတော့ မသုံးဘူးဗျာ။ ကျော်ခဲ့လိုက်ပေါ့။

Firefox statusbar မှာ foxyproxy လေးရောက်နေပြီဆိုရင် right click နဲ့ options ကိုရွေးလိုက်ပါ။

Add new proxy ကို နှိပ်ပြီး General tab မှာ Ultrasurf နဲ့ proxy details tab ရဲ့ manual proxy configuration မှာ host name 127.0.0.1 port 9666 ကို ဖြည့်ပေးပါ။ Freedom က 127.0.0.1:8080 ဖြစ်ပြီး Freegate က 127.0.0.1:8567 ဖြစ်ပါတယ်။

Pattern tab မှာ Add new pattern ကို နှိပ်ပြီး Pattern name=sanle URl pattern=linsanle.blogspot.com ဖြည့်ပေးရင် ရပါပြီ :)။ဒါဆို status bar က foxyproxy ကို ညာကလစ် နှိပ်ပြီး Ultrasurf ကို ရွေးရင် ကျော်ခွ ထွက်ခွါ နိုင်ပါပြီ။

Froxyproxy ရဲ့ အားသာချက် တစ်ခုက block page တွေကို auto ပြောင်းဖွင့်ပေးနိုင်ပါတယ်။ Setting တော့ ချိန်ထားပေးရပါတယ်။
Foxyproxy ရဲ့ options ကို သွားပြီး Mode မှာ Use proxies based on their pre-defined patterns and priorities ကို ရွေးပေးပါ။ ဆက်ပြီး auto add မှာ enable ကို အမှန်ခြစ်လေး ပေးလိုက်ပါ။

Proxy to which patterns are automatically added မှာ Ultrasurf ရွေးပေးပေါ့။
Pattern to identify blocked websites ရဲ့ Define tab ကိုနှိပ်ပြီး *The access to requested URL has been denied* သို့ *This site is blocked by MPT* သက်ဆိုင်ရာတစ်ခုကို ပြောင်းထည့်ပေးလိုက်ပါ။ ဒါဆို ရပါပြီ။
Blocked site တစ်ခုနဲ့ IP viewer site တစ်ခုတို့ ယှဉ်တွဲ ဖွင့်လိုက်ရင် proxy နှစ်ခုနဲ့ သွားနေတာ တွေ့နိုင်ပါမယ်။

IE7pro for internet explorer

IE7pro ကို download&install လုပ်ပေးပါ။

ပြီးလျှင် IE status bar မှာ IEpro icon ပေါ် rightclick \proxy setting \edit proxy list ကိုသွားပြီး 127.0.0.1:9666 ကို ပေါင်းထည့်ပေးလိုက်ပါ။

ဒါဆို နောင် ကျော်ခွဖို့ လိုအပ်ရင် IEpro icon ပေါ် rightclick \proxy setting \127.0.0.1:9666 ကို ရွေးတာပေါ့။ မလိုတော့ Disable proxy ပေါ့ဗျာ။
ကျွန်တော် ဒီနည်းတွေနဲ့ rapidshare မှာ ဟိုပြေး ဒီပြေး လုပ်လေ့ရှိတယ်။ IE7pro က Enhance Internet Explorer's Tabbed Browsing Capabilities, Super Drag and Drop, Mouse Gesture, Crash Recovery, Save Page to Image, AD Blocker, Greasy monkey alike User Script, Inline Search, Spell Check လုပ်ငန်းတွေကိုပါ စွမ်းဆောင် ပေးပါတယ်။ သူ့ကိုသုံးထားရင် IE လည်း ပိုမြိုင်သွားတာပေါ့။

နောက်တစ်ခုက Avant browser ပါ။ သူ့ကိုသုံးရင် proxy setting ပါပြီးသားမို့ 127.0.0.1:9666 ကို tools \proxy \customize မှာ သွားထည့်ပေးလိုက်ရုံပါဘဲ။ မြန်ပေမယ့် ကွန်နက်ရှင် ကျဆင်းနေရင် အု..အား..ပြားချပ်ချပ်..ဖြစ်သွားတတ်လို့ မြန်မာ့ရေမြေ ကို မကြိုက်ပါဘူး။
ဒီအကြောင်းတွေကို တော်တော် များများ ရေးခဲ့ကြ ပြီးပါပြီ။ လက်ရှိ သုံးနေသူတွေ မှတ်သားဖူးသူတွေက မလိုအပ် တော့ပေမယ့် မေးမြန်း သိလိုသူတွေ ရှိဆဲပါ။ အခြေအနေ အရလည်း လိုအပ်ချက် ကြီးမားလာတာကိုး။ ဒါကြောင့် လက်လှမ်းမှီရာ မည်သည့်နေရာမဆို ရရှိနိုင်ပြီး အဆင်ပြေပြေ သုံးစွဲနိုင်စေဖို့ ဝေငှ လိုက်ပါတယ်။ ဒီနည်းတွေနဲ့ အချိန်ပိုတွေ တိုးပွားဖို့ အကြိုးပြုနိုင်ကောင်းပါရဲ့။


ဒီနေရာမှ ပြန်ကူးပါသည်။ နည်းပညာ မှတ်တမ်း [http://linsanle.blogspot.com/2008/09/useful-of-foxyproxy-and-ie7pro.html]
Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: