Personal tools
You are here: Home အကြောင်းအရာ စီစစ်ခြင်းနည်းပညာ
Document Actions

စီစစ်ခြင်းနည်းပညာ

by michael last modified 2011-03-24 12:39

အင်တာနက် အသုံးပြုသူ၏ လုပ်ဆောင်မှုတွေကို စောင့်ကြည့်ခြင်းမှ ပိတ်ပင်တားမြစ်သော နည်းပညာ အစုတစ်ခုဖြစ်သည်။

ကွန်ယက် ထိန်းချုပ်သူများသည် လိုသလို ထိန်းချုပ်နိုင်စွမ်း၊ တိကျမှုအဆင့်ဆင့် ပါဝင်သော နည်းပညာ များစွာဖြင့် ကွန်ယက်အတွင်း မည်သည့် နေရာကိုမဆို ပိတ်ပင်စေနိုင်သည်။ သာမန်အားဖြင့် အင်တာနက် စီစစ်ခြင်းတွင် software ကိုအသုံးပြု၍ အင်တာနက် အသုံးပြုသူ ဘာလုပ်နေသည်ကို ကြည့်ရန်နှင့် ကွန်ယက် ထိန်းချုပ်သူမှ မူဝါဒအရ ပိတ်ပင်သင့်သည်ဟု ယူဆ၍ လုပ်ဆောင်ချက်များ ပါဝင်သည်။ စီစစ်သူ သို့မဟုတ် စီစစ်စက်ကို အစိုးရ သို့မဟုတ် ပြည်တွင်း ဒေသအတွင်း အင်တာနက် ဖြန့်ဝေသူမှ ဖန်တီးလုပ်ဆောင် လေ့ရှိသည်။ အောက်တွင် သတိထားရမည့် စီစစ်ခြင်း (၄) မျိုးကို ဖော်ပြလိုက်သည်။

URL Filtering

ဝက်ဘ်လိပ်စာဖြင့် စီစစ်ခြင်းသည် တားမြစ် ပိတ်ပင်မှု တင်းကျပ်သော နိုင်ငံများနှင့် ဒေသများ အတွက် သတင်းအချက်အလက်များ ရယူခြင်းကို ပိတ်ဆို့သော နည်းလမ်းတစ်ခုမှာ ဝက်ဘ်ဆိုက်ဒ် အမည်ကို ပိတ်ဆို့ခြင်းဖြစ်သည်။ နာမည် တစ်ခုလုံးဖြစ်စေ ၎င်း၏အစိတ်အပိုင်း ကိုဖြစ်စေ ပိတ်ဆို့ခြင်းဖြစ်သည်။

တခါတရံတွင် အင်တာနက်ဆင်ဆာ အဖွဲ့သည် Web domain အချို့အား အပြီးအပိုင်ပိတ်ဆို့ခြင်းမျိုးရှိသည်။ အဘယ်ကြောင့်ဆိုသော် ထို domain ထဲတွင် ပါဝင်သည့် စကားလုံးများကို ကန့်ကွက်တားမြစ် သောကြောင့်ဖြစ်သည်။ ထို domain များကို နာမည်ဖြင့်ဖြစ်စေ IP number ဖြင့်ဖြစ်စေ ပိတ်ဆို့နိုင်သည်။ တခါတရံ အာဏာပိုင်များသည် domain တစ်ခုရှိ ပိတ်ချင်သော subdomains လေးများကိုသာ ပိတ်ဆို့ပြီး ကျန် domain တစ်ခုလုံး ကိုဖွင့်ပေးထားသည် အထိစီစီစစ်စစ် ရှိကြသည်။ ဥပမာ bbc.co.uk နှင့် www.bbc.co.uk ကို လွှတ်ပေးထားချိန်တွင် subdomain ဖြစ်သော news.bbc.co.uk ကို ပိတ်ထာလိမ့်မည်။

ထိုနည်းတူစွာပင် အကြောင်းအရာ တစ်ခုကို ပိတ်ဆို့ချင်သော်လည်း ထိုအကြောင်းအရာအား လက်ခံဖော်ပြထားသော domain ကိုမူကြည့်ရှုခွင့် ပေးထားတတ်သည်။ နောက်နည်းလမ်း တစ်ခုကတော့ လမ်းညွှန် နာမည်အား ပိတ်ပင်ခြင်းဖြစ်သည်။ ဥပမာ BBC အင်္ဂလိပ်ဘာသာ သတင်းကဏ္ဍကိုမူ ထိခိုက်မှုမရှိဘဲ အခြား နိုင်ငံခြားဘာသာ သတင်းကဏ္ဍများအား ပိတ်ဆို့ရန် bbc.co.uk/worldservice ရှိ “worldservice” အား ပိတ်ဆို့ခြင်း မျိုးဖြစ်သည်။ တချို့ Website များကိုနာမည်များမှာမူ ရိုင်းစိုင်းသော မနှစ်လိုဖွယ်ကောင်းသော အကြောင်းအရာများကြောင့် ရှာဖွေ့ ပိတ်ဆို့ခြင်းများရှိသည်။


*** ကျန် ၃ မျိုးကို ဆက်လက် ကြိုးစား ဖော်ပြပါမည်။

Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: