Personal tools
You are here: Home အကြောင်းအရာ Virus နဲ့ Hacking နဲ့ဆိုင်လား၊ (ပိုင်း ၁)
Document Actions

Virus နဲ့ Hacking နဲ့ဆိုင်လား၊ (ပိုင်း ၁)

by michael last modified 2011-07-02 06:58

Virus ဆိုတဲ့ စကားလုံးနဲ့ Hacking ဆိုတာနဲ့က ဘာမှမဆိုင်သလိုထင်ရပါတယ်. ကျွန်တော် အချို့ ကိုမေးကြည့်ပါတယ်။ Virus ဆိုတာနဲ့ hacking နဲ့ ပက်သက်မှုရှိလားလို့ သူတို့ကတော့ ဘာမှမဆိုင်ဘူးလို့ပြန်ဖြေကြတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ တကယ်ကို ခွဲလို့မရတဲ့ ပက်သက်မှုကြီးရှိနေပါတယ်။ ဒီနေ့ ကျွန်တော်လည်းအချိန်ရတုန်း ဗဟုသုတလေးရအောင် ကျွန်တော် သိထားတဲ့ ဟာလေးကို ပြန်ပြီး ဝေမျှလိုက်ပါတယ်။ ဒါကတော့ Hacking ကိုစိတ်ဝင်စားပြီး ဘယ်လိုစကမှန်းကို မသိသူတွေ အတွက်လဲ အထောက်အကူဖြစ်မှာပါ။

ကျွန်တော်တို့ အခုဆိုရင် ငါ့ကွန်ပျုတာ Virus ကိုက်သွားပြီးဆိုပြီး ပြောတက်ကြတယ်.ဒါက တနည်းနဲ့ပြောမယ် ဆိုရင်လဲ ကိုယ်ကွန်ပျုတာ Hack ခံရပြီးလို့ပြောလို့ရပါတယ်။ ဒါပေမဲ့ Virus ၀င်တိုင်းလဲ Hack ခံရတာတော့ မဟုတ်ပါဘူး. ဒါပေမဲ့ သူ့ရဲ့သဘောတရားကတော့ hack ခံရတာပါ။ တကယ်တမ်း hacking ကိုတက် ဖို့ဆိုလို့ရှိရင် Virus ရေးတက်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ hacking အရင်းအမြစ်က Virus programs ကိုရေးပြီး ကိုယ့်ကနေ Virus ကို Control လုပ်မှာဖြစ်ပါတယ်. ဒါက ဘယ်လိုလဲဆိုတော့ ဥပမာပြောရရင် ကိုယ်က Virus programs ကိုထဲကိုရေးပြီး ဒီကွန်ပျုတာထဲကို ထည့်လိုက်တယ်ပြီးတော့ "ဒီကွန်ပျုတာက cursor မလှုပ်တော့ဘဲ မိနစ် ၃၀လောက် ရပ်နေရင် ဒီ Virus ကို လှုပ်ရှားခိုင်းပြီး သူကို Data တွေကို copy ကူးပြီး ကိုယ်ဆီကို ပြန်ပို့ခိုင်းမယ်" သူရဲ့ လှုပ်ရှားပုံက ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့ Tutorial တွေ လုပ်တဲ့အခါမှာ Desktop ကို Record လုပ်ထားရင် Cursor က ဟိုရွေ့ ဒီရွေ့ နဲ့ လိုက်နှိပ်နေသလိုမျိုး၊ Virus ကလဲ သူကို ရေးထားတဲ့ အတိုင်းကို Cursor ကရွေ့ ပြီးလိုက် လုပ်တာဖြစ်ပါတယ်။ တချို့ Virus ကျတော့လဲ ကွန်ပျုတာထဲက အရေးကြီးတဲ့ File တွေကို Delete လုပ်ပစ်တာမျိုးရှိပါတယ်။ ဒါလဲ Virus ရေးတဲ့ လူပေါ်မှာ မှုတည်ပါတယ်။ အချို့ကတော့လဲ Website ကို attack လုပ်ဖို့ Zombie Computer အဖြစ်လဲ အသုံးပြုတက်ပါတယ်။ ဒီ Zombie Computer က ဘယ်လိုလဲဆိုတော့ Virus တမျိုးပါဘဲ ဒီ Virus က၀င်သွားပြီးဆိုရင် ဘာမှာတော့ ကိုယ်ကို ဒုက္ခမပေးဘဲ ကိုယ့် Computer က ဒီ Virus ရေးတဲ့လူ တိုက်ချင်တဲ့ website ကို တချိန်ထဲမှာ အခြား ထိုကဲ့သို့ Zombie Computer တွေ အများကြီးကို တပြိုင်နက်ထဲမှာ page တခုထဲကို ၀င်ကြည်ခိုင်းတာဖြစ်ပါတယ်။ ဒီအခါမှာ ထောင်သောင်းချီတဲ့ Computer တွေက၀င်ရောက်ပြီး ဟိုဟာကို နှိပ်ပြီးခိုင်းလိုက် ဒီဟာကို နှိပ်ပြီး ခိုင်းလိုက်လုပ်တဲ့အခါမှာ Website ရဲ့ Server က ကြောင်ပြီး ဘာမှမလုပ်နိုင်တော့ပါဘူး ဒီအခါမှာ Website ဖွင့်လို့မရတော့ပါဘူး ဒီလို Website ကို ၀င်ကြည့်ပြီး တိုက်တဲ့နေရာမှာ ဓားစခံအဖြစ်အသုံးပြုခံရတာမျိုးလဲရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘာကြောင့် Anti-Virus ကို Update လုပ်ဖို့လဲဆိုတော့ အထက်ပါကိစ္စတွေကြောင့်ပါ Virus ဆိုတာ ကိုယ်ကိုတိုင်ရေးရင် ကိုယ်ကြိုက်တဲ့ နာမည်ပေးလို့ရပါတယ်။ ဆိုတော့ ဒီလိုမျိုးဘဲများစွာ သော Black hacker တွေက Virus အသစ်တွေကို ရေးပြီး ကွန်ပျုတာတွေကို ၀င်ရောက် hack တက်ပါတယ်။ ဒီလို အချိန်မျိုးမှာ ကိုယ်က Anti-virus ကို update မလုပ်ထားရင် Anti-virus က Virus အမျိုးတစ်ထောင် လောက်ဘဲသိတယ်ဆိုရင် ဥပမာ Anti-virus က A ကနေစပြီး Z အထိ Virus ဘဲသိတယ်။ ဒါပေမဲ့ အသစ်ထွတ်တဲ့ Virus က 1 2 3 လို့ နာမည်ပေးထားရင် Anti-virus ကသိမှာမဟုတ်ဘူး။ ဒီအခါမှာ Anti-virus ကလဲ သတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Anti-virus ကို update အမြဲလုပ်ပေးခြင်းအားဖြင့် Virus နာမည်အသစ်တွေကို Anti-virus ထဲကို ထည့်ပေးထားတာမို့ အသစ် Virus တွေကိုလဲ update လုပ်ခြင်းအားဖြင့် သိနိုင်ပြီး သတ်နိုင်မှာဖြစ်ပါတယ်။

ကဲကျွန်တော်လဲ ရေးရင်းနဲ့ ရောကုန်ပြီး နောက်ကျန်တာလေးတွေဆက်ရေးပါမယ်။

SBSangpi(စံပီး)

Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: